Western News
Homeစစ်ရေးရှမ်းတောင်ပိုင်းကို RCSS သျှမ်းတပ် ကာကွယ်မည်ဟုဆို

ရှမ်းတောင်ပိုင်းကို RCSS သျှမ်းတပ် ကာကွယ်မည်ဟုဆို

ရှမ်းပြည်နယ် တောင်ပိုင်းဒေသတည်ငြိမ်ရေးနှင့် ပြည်သူလူထုကို ကာကွယ်သွားမည်ဟု သျှမ်းတပ် RCSS/SSA က ထုတ်ပြန်ကြေညာလိုက်သည်။

ဇူလိုင်လ ၂၆ ရက်မှ ၂၈ ရက်နေ့အထိ RCSS မှ ကျင်းပခဲ့သော ၆ လပတ်အစည်းအဝေးတွင် ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်တောင်းပိုင်းကို ကာကွယ်သွားမည်ဖြစ်သလို ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက်လည်း သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ဖြေရှင်းဆောင်ရွက်သွားမည်ဟု ပြောဆိုထားသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲများကြောင့် ဒေသခံပြည်သူများ အိုးအိမ်စွန့်ခွာရခြင်း၊ အသက်သေဆုံးရခြင်းနှင့် ကလေးငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်များ အခက်အခဲဖြစ်နေကြသည်ကို RCSS/SSA က များစွာ စိတ်မကောင်းဖြစ်ရသည်ဟု ဆိုသည်။

အာဏာသိမ်း မြန်မာစစ်တပ်ကြောင့် ၃ နှစ်ကျော်ကာလအတွင်းမှာ တိုင်းပြည်အနှံ့ စီးပွားရေးကျဆင်းခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခံနေရခြင်းနှင့် တရားဥပဒေစိုးမိုးမှု အားနည်းလာကြောင်း ပြောသည်။

ထိုကြောင့် ရှမ်းပြည်တောင်းပိုင်က ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်သွားမည်ဟု RCSS မှ ကတိပေးပြောဆိုထားသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular