Western News
Homeဓါတ်ပုံသတင်းလေးမြို့မြစ်ရေ ဆက်လက်မြင့်တက်နေ

လေးမြို့မြစ်ရေ ဆက်လက်မြင့်တက်နေ

(မြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာများအားလုံး ရေနစ်မြှုပ်)


(ဓါတ်ပုံသတင်း)

မြောက်ဦးမြို့နယ်မှာ လေးမြို့မြစ်ရေ တက်လာနေဆဲဖြစ်ပြီး မြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာများနှင့် အနိမ့်ပိုင်းက ကျေးရွာများအားလုံး ရေနစ်မြှုပ်နေဆဲဖြစ်သည်။

လေးမြို့မြစ်ရေ အခြေအနေအား Western News မှ ယနေ့ နံနက်က ဓါတ်ပုံသတင်းသွားရောက် ယူရာမှာ ပိုးဖြူကျွန်းကျေးရွာကနေ ရေအလွန်မြင့်တက်နေ၍ ပန်းမြောင်းကျေးရွာသို့ သွားရောက်နိုင်ခြင်းမရှိခဲ့ပေ။

ယခု ဓါတ်ပုံများသည် ယနေ့ ဩဂုတ်လ ၂ ရက်နေ့ နံနက် ၁၁ နာရီကျော်အချိန်က လေးမြို့မြစ်ကမ်းဘေးရှိ မြောက်ဦးမြို့နယ် ရော်မဏီကျေးရွာအတွင်း ရေကြီးနေမှုများကို ရိုက်ကူးထားခြင်းဖြစ်သည်။

လေးမြို့မြစ်ရေကြောင့် ကမ်းပြို၍ ပိုးဖြူကျွန်းကျေးရွာမှာ အိမ် နှစ်ဆောင် ရေထဲမျောပါသွားပြီး ပန်းမြောင်းကျေးရွာမှာလည်း ဈေးတန်းပိုင်းက ကမ်းပြို၍ နေအိမ်အများအပြား ရေထဲ မျောပါသွားကြောင်း သိရသည်။

လေးမြို့မြစ်ရေက ဆက်လက် မြင့်တက်နေသလို မိုးကလည်း အဆက်မပြတ် ရွာသွန်းနေဆဲဖြစ်၍ ရေးဘေးအကူအညီများနှင့် ကယ်ဆယ်လုပ်ငန်းများ အမြန်ဆုံး ပြုလုပ်ရန် လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular