Western News
Homeနိုင်ငံရေးဘင်္ဂလားဒေ့ရှ်မှာ ယာယီအစိုးရဖွဲ့မည်ဟု စစ်တပ်အကြီးအကဲပြော

ဘင်္ဂလားဒေ့ရှ်မှာ ယာယီအစိုးရဖွဲ့မည်ဟု စစ်တပ်အကြီးအကဲပြော

(ပစ်ခတ်ဖြိုခွင်းမှုကို ရပ်တန့်ရန်နှင့် သေဆုံးမှုအပေါ် စစ်ဆေးမည်ဟုဆို)

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina သည် ရာထူးမှ နုတ်ထွက်ပြီး နိုင်ငံမှ ထွက်ခွာသွားပြီဖြစ်ကြောင်း တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်ကြီး Waker-Uz-Zaman က အတည်ပြု ပြောကြားသည်။

Sheikh Hasina ၏ ထွက်ခွာမှုသည် နိုင်ငံတစ်ဝှမ်းတွင် ပြင်းထန်သော ဆန္ဒပြပွဲများ ဆက်တိုက်ဖြစ်ပွားနေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး Waker-Uz-Zaman က နိုင်ငံအား ထိန်းချုပ်ထားကာ ကြားဖြတ်အစိုးရတစ်ရပ် ထူထောင်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

“ကျွန်တော် အခုတာဝန်ယူနေပါပြီ၊ ကြားဖြတ်အစိုးရ ဖွဲ့ဖို့ တောင်းဆိုမယ်။” ဟု ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ၂၀၀၉ ခုနှစ်ကတည်းက အုပ်ချုပ်လာခဲ့သည့် အသက် ၇၆ နှစ်အရွယ် ရှိက်ဟာဆီနာသည် သူမနေအိမ်ကို ဆန္ဒပြသူများ ဝင်စီးနင်းခံရပြီးနောက် မြို့တော်ဒါကာကနေ ထွက်ခွာသွားခြင်းဖြစ်သည်။

ဝန်ကြီးချုပ် ရှိက်ဟာဆီနာ ရာထူးမှနှုတ်ထွက်ပြီး နိုင်ငံမှထွက်ခွာသွားခြင်းသတင်း ထွက်ပြီးနောက် လမ်းမပေါ်ရှိ ဆန္ဒပြသူများမှာ အောင်ပွဲခံခဲ့ကြသည်။

Hasina (ဟာဆီနာ) ၏ အစိုးရသည် အတိုက်အခံ တက်ကြွလှုပ်ရှားသူများကို သတ်ဖြတ်ခြင်း အပါအဝင် အာဏာကို ချုပ်ကိုင်ထားရန်၊ နိုင်ငံပိုင် အင်စတီကျူးရှင်းများကို အလွဲသုံးစားလုပ်ပြီး သဘောထားကွဲလွဲမှုများကို ချေမှုန်းခဲ့သည်ဟု လူ့အခွင့်အရေးအဖွဲ့များက စွပ်စွဲခဲ့ကြသည်။

၁၉၇၁ ခုနှစ် လွတ်လပ်ရေးစစ်ပွဲမှ စစ်ပြန် သားသမီး၊ မြေးများအား အစိုးရအလုပ်ခန့်အပ်ရာ၌ ဦးစားပေးခန့်အပ်ခြင်းနှင့် အချိုးမညီမျှစွာ ခွဲဝေပေး၍ ကျောင်းသားများဦးဆောင်က ဆန္ဒပြပွဲများကို စတင်ခဲ့ခြင်းဖြစ်သည်။

ဆန္ဒပြပွဲများကို ဟာဆီနာ အစိုးရက အကြမ်းဖက်နှိမ်နှင်းခဲ့၍ ဩဂုတ်လ ၄ ရက်နေ့က တစ်ရက်တည်း လူ ၉၁ သေဆုံးခဲ့သလို ရာနှင့်ချီဒဏ်ရာရခဲ့ပြီး ရက်သတ္တပတ်ဆန္ဒပြပွဲအတွင်း လူ ၃၀၀ နီးပါး သေဆုံးခဲ့ရသည်။

ကျောင်းသားများကနေ စတင်ခဲ့သော အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုသည် နိုင်ငံအတွင်းမှ သရုပ်ဆောင်များ၊ ဂီတပညာရှင်များနှင့် အဆိုတော်များ အပါအဝင် လူ့အဖွဲ့အစည်းတရပ်မှ လူများကို ဆွဲဆောင်နိုင်ခဲ့ကြသည်။

ဘင်္ဂလားဒေ့ရှ် စစ်တပ်အကြီးအကဲ Zaman က လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထုများအား ပစ်ခတ်မှု၊ အင်အားသုံးဖြိုခွင်မှုများကို ချက်ချင်းရပ်တန့်ရမည်ဖြစ်ပြီး သေဆုံးမှုနှင့်ပတ်သက်၍လည်း စုံစမ်းစစ်ဆေးမှုပြုလုပ်မည်ဟု သတင်းစာရှင်းလင်းပွဲတွင် ကတိပြုခဲ့သည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular