Western News
Homeစစ်ရေးစစ်တောင်းမြစ်တစ်ဝိုက်တွင် စစ်ပွဲစရန် KNU က ပြင်ဆင်နေဟု မင်းအောင်လှိုင်ပြော

စစ်တောင်းမြစ်တစ်ဝိုက်တွင် စစ်ပွဲစရန် KNU က ပြင်ဆင်နေဟု မင်းအောင်လှိုင်ပြော

ကရင်အမျိုးသားအစည်းအရုံး KNU က စစ်တောင်းမြစ်တစ်ဝိုက်တွင် စစ်ပွဲသစ်စရန် ပြင်ဆင်နေသည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မိမိကိုယ့်ကို သမ္မတ တင်‌မြောက်ပြီးနောက် နိုင်ငံ့လုံခြုံရေးနှင့်ပတ်သက်ပြီး ပထမဆုံး အကြိမ် ယနေ့ ပြောကြားချက်တွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

” KNU တပ်မဟာ ၁, ၃ နဲ့ ၅ သုံးခုပူးပေါင်းပြီး စစ်တောင်းမြစ်တစ်ဝိုက်မှာ တိုက်ပွဲများ ဖော်ဆောင်နိုင်ဖို့အတွက် လက်ရှိ KNU ဥက္ကဌနဲ့ စစ်ဦးစီးချုပ်တို့က ပူးပေါင်းကြံစည်လျက်ရှိတယ်ဆိုတဲ့ သတင်းကိုလည်း ရရှိထားပါတယ်။ ” ဟု မင်းအောင်လှိုင်က ပြောသည်။

မြန်မာစစ်တပ် (စစ်ကောင်စီ) အား တိုက်ခိုက်ရန်လည်း PDF များကို လက်နက်တပ်ဆင်ပေးခြင်းနှင့် စစ်သင်တန်းများပေးခြင်းအပြင် လက်ခံပေးထားခြင်းများကို KNU က လုပ်ပေးနေသည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြစ်တင်ထားသည်။

မြန်မာစစ်တပ်၏ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဦးမြင့်ဆွေအား ယာယီသမ္မတ နေရာမှ ဖယ်ရှားပြီး သူ့ကိုယ်သူ ယာယီသမ္မတဟု ကြေညာကာ အာဏသိမ်းကာလကို ၂၀၂၅ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ သက်တမ်းတိုးထားသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယာယီသမ္မတဟု ကြေညာပြီး ရက်ပိုင်းအတွင်း ဩဂုတ်လ ၃ ရက်နေ့က ရှမ်းပြည်မြောက်ပိုင်းက လားရှိုးမြို့နှင့် လားရှိုးရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို ကိုးကန့်တပ် MNDAA ပူးပေါင်းတပ်ဖွဲ့က အပြီးသတ် သိမ်းပိုက်လိုက်သည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular