Western News
Homeစစ်ရေးစစ်ကောင်စီဖမ်းထားသော မောင်တောက မွတ်ဆလင်များကို AA ကယ်ထုတ်

စစ်ကောင်စီဖမ်းထားသော မောင်တောက မွတ်ဆလင်များကို AA ကယ်ထုတ်

video

ရခိုင်ပြည် မောင်တောမြို့ထဲမှာ လူသားဒိုင်းကာအဖြစ် အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးခေါ်ယူထားသော ဒေသခံမွတ်ဆလင်လူမျိုးများအား အာရက္ခတပ်တော် AA က အချိန်မီ ကယ်ထုတ်ပေးခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။

မောင်တောမြို့ထဲမှာ ပိတ်မိနေသော မွတ်ဆလင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ယူထားသော မွတ်ဆလင်များကို AA ကယ်ထုတ်ပေးနေပြီး ယခု ဗီဒီယိုဖိုင်ပါ မွတ်ဆလင်များမှာ လသာကျေးရွာက မွတ်ဆလင်များဖြစ်ကြသည်။

၎င်းတို့ကို ယမန်နေ့ ဩဂုတ် ၇ ရက်နေ့က AA တပ်ဖွဲ့ဝင်များက သွားရောက် ကယ်ထုတ်ပြီး ဘေးကင်းရာနေရာများသို့ ပြောင်းရွှေ့ နေထိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း AA က ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီက သင်တန်းပေးထားသော မွတ်ဆလင် လက်နက်ကိုင်များ၊ မွတ်ဆလင်အကြမ်းဖက်အဖွဲ့အစည်းများမှာ မောင်တောမြို့က မွတ်ဆလင်ဒေသခံပြည်သူများကို လုံခြုံရာသို့ သွားရောက်ရန် ခွင့်ပြုခြင်းမလုပ်ဘဲ မြို့ထဲ၌ ပိတ်လှောင်ထားကာ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်နေကြောင်း စုံစမ်းသိရသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular