Western News
Homeစီးပွားရေးကလေးငယ် ၆ ဦး အပါအဝင် မြန်မာရွှေ့ပြောင်း ၁၀ ဦး ထိုင်းတွင် ဖမ်းဆီးခံရ

ကလေးငယ် ၆ ဦး အပါအဝင် မြန်မာရွှေ့ပြောင်း ၁၀ ဦး ထိုင်းတွင် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ရနောင်းခရိုင်ရှိ စစ်ဆေးရေး ဂိတ်တစ်ခုတွင် ဩဂုတ် ၆ ရက်နေ့က ထိုင်းအာဏာပိုင်း ပူးပေါင်းအဖွဲ့က ခရီးသည်ကားများ ရပ်တန့် စစ်ဆေးရာတွင် ကလေးငယ် ၆ဦး အပါအဝင် မြန်မာ ရွှေ့ပြောင်း ၁၀ ဦး ဖမ်းဆီးခံခဲ့ရသည်။

၎င်းတို့မှာ တရားမဝင် ဝင်ရောက်လာမှုဖြင့် ဖမ်းဆီး ထိန်းသိမ်းခံရခြင်းဖြစ်ပြီး ရနောင်းအခြေစိုက် ခြေမြန်တပ်မတပ်မဟာ ၂၅ မှ ယနေ့ ဩဂုတ် ၇ ရက်နေ့တွင် သတင်း ထုတ်ပြန်ချက် အရ သိရသည်။

ဖမ်းဆီးခံ မြန်မာရွှေ့ပြောင်း ၁၀ ဦး သည် မြန်မာနိုင်ငံ ကော့သောင်း-ရနောင်း နယ်စပ်ဂိတ်မှ တဆင့် ပွဲစားဖြင့် တရားမဝင် ဝင်လာရာမှ ရနောင်း-ပရာဖျာခီရီခန်လိုင်း (Ranong-Prachuap Khiri Khan) ရှိ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ရနောင်းခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးတို့ ပူးပေါင်း၍ ပတ်ချန်းရဲစခန်းနှင့် အမှတ် (၂၅) ခြေလျင်တပ်ရင်းမှ ခရီးသည်တင်ယာဉ်များအား စစ်ဆေးကြည့်ရာမှ ထိုသို့ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်‌ကြောင်း ထိုင်းအာဏာပိုင်းများက ထုတ်ပြန်သည်။

လက်ရှိတွင် ဖမ်းဆီး ထိန်းသိမ်းခံထားရသူများကို ရနောင်းခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးသို့ ပို့ဆောင်ကာ တရားဥပဒေအရ ဆက်လက်အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular