Western News
Homeစစ်ရေးမောင်တော နတ်မြစ်ကမ်း မွတ်ဆလင်များသေဆုံးမှု AA နှင့် မသက်ဆိုင်ဟုဆို

မောင်တော နတ်မြစ်ကမ်း မွတ်ဆလင်များသေဆုံးမှု AA နှင့် မသက်ဆိုင်ဟုဆို

ဩဂုတ်လ ၅ ရက်နေ့ ညနေပိုင်းက လက်နက်ကြီး သို့မဟုတ် ဗုံးသီးများ ကျရောက်မှုကြောင့် မောင်တောမြို့နယ် နတ်မြစ်ကမ်း၌ မွတ်ဆလင်များ ဒါဇင်နှင့်ချီ သေဆုံးသွားမှုအပေါ် အာရက္ခတပ်တော် AA နှင့် လုံးဝ သက်ဆိုင်ခြင်းမရှိကြောင်း AA က ယနေ့ ထုတ်ပြန်ထားသည်။

အဆိုပါ မွတ်ဆလင်များ သေဆုံးမှု ဖြစ်စဉ်နှင့် နေရာများသည် AA ၏ ထိန်းချုပ်နယ်မြေတွင် ဖြစ်ပျက်ခဲ့ခြင်းမဟုတ်ကြောင်းနှင့် မွတ်ဆလင်များ သေဆုံးမှုအတွက် များစွာ စိတ်မကောင်း ဖြစ်ရသည်ဟု AA က ထုတ်ပြန်ပြောဆိုသည်။

နတ်မြစ်ကမ်း ဒါဇင်နှင့်ချီ သေဆုံးခဲ့သည့် မွတ်ဆင်များ ဖြစ်စဉ်နှင့်ပတ်သက်၍ အာရက္ခတပ်တော် AA က အသေးစိတ်အချက်အလက်များကို စုံစမ်းစစ်ဆေးနေပြီး ဖြစ်စဉ်အမှန်သိရပါက အမြန်ဆုံးထုတ်ပြန်ပေးမည်ဟု သိရသည်။

မောင်တောင်မြို့အနီး စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲ နေ့စဉ်နှင့်အမျှ ပြင်းထန်နေ၍ မိသားစုရာနှင့်ချီသော မွတ်ဆလင်များမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စစ်ရှောင်ရန် နတ်မြစ်ကမ်း၌ စက်လှေစောင့်နေစဉ် လက်နက်ကြီးကျည်များ ရောက်ပေါက်ကွဲခဲ့သည်။

ထိုသို့ပေါက်ကွဲမှုကြောင့် စစ်ရှောင်မွတ်ဆလင်များ ရာနှင့်ချီသေဆုံးသွားသည်ဟု မြေပြင်တွင် သတင်းထွက်နေသော်လည်း ၃ ဒါဇင်ထက်မနည်း သေဆုံးသွားသည်ကိုတော့ Western News က အတည်ပြုနိုင်သည်။

မောင်တောက မွတ်ဆလင်များအနေဖြင့် အန္တရာယ်ပေးနိုင်သော နေရာများသို့ ထွက်ခွာသွားခြင်းထက် လုံခြုံမှုပေးနိုင်သော လွတ်မြောက်နယ် သို့မဟုတ် AA ထိန်းချုပ်နယ်မြေသို့ လာရောက်ခိုလှုံကြရန် AA က တိုက်တွန်းနေသည်။

ဘူးသီးတောင်၊ မောင်တောဒေသတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မွတ်ဆလင်အကြမ်းဖက်များနှင့် ပူးပေါင်းကာ မွတ်ဆလင်ပြည်သူများအပါအဝင် ရခိုင်နှင့် အခြားသော လူမျိုးများကြား ပဋိပက္ခဖြစ်ပွားစေရန် ဖန်တီးနေ၍ ဒေသခံပြည်သူများအနေဖြင့် အထူးသတိထားကြရန် လိုအပ်သည်ဟု AA က ပြောဆိုနေခြင်းဖြစ်သည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular