Western News
Homeနိုင်ငံရေးစစ်ကောင်စီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးတွေ့ဆုံ

စစ်ကောင်စီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးတွေ့ဆုံ

အာဏာသိမ်း စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီနှင့် ရခိုင့်ဦးဆောင်ပါတီ ဥက္ကဌ ဒေါက်တာအေးမောင် ဦးဆောင်သော နိုင်ငံရေးပါတီများအစုအဖွဲ့ ကိုယ်စားလှယ်များ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး တွေ့ဆုံနွေးနေကြောင်း သိရသည်။

နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာနမှာ ယမန်နေ့ ဩဂုတ်လ ၂၁ ရက်နေ့ကစပြီး ယနေ့အထိ တွေ့ဆုံနွေးနေကြကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီဘက်က နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ဦးဆောင်ပြီး နိုင်ငံရေးပါတီများအစုအဖွဲ့ဘက်မှ အလုပ်အဖွဲ့ခေါင်းဆောင် ဒေါက်တာအေးမောင်က ဦးဆောင်ကြောင်း သိရသည်။

စစ်ကောင်စီနှင့် နိုင်ငံရေးပါတီများ နှစ်ဘက်ဆွေးနွေးလိုသည့် အချက်များ ဆွေးနွေးပြီးနောက် ၂၀၀၈ ဖွဲ့စည်ပုံထဲက ပြင်ဆင်ဖြည့်စွက်သင့်သည့် အချက်များကို ဆက်လက်ဆွေးနွေးနေကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

ပထမအကြိမ်တွေ့ဆုံခဲ့စဉ်က ဆက်လက်ဆွေးနွေးရန် ကျန်ရှိသည့် အချက်များနှင့် နှစ်ဖက်အဆိုပြုချက်များကို အပြန်အလှန် ဆွေးနွေးညှိနှိုင်းကြပြီး ဆွေးနွေးပွဲ ပထမနေ့ကို ရပ်နားခဲ့ကာ ယနေ့တွင် ဆက်လက်ဆွေးနေကြောင်း စစ်ကောင်စီက ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG က လက်ရှိ အာဏာသိမ်း စစ်ကောင်စီသည် မြန်မာနိုင်ငံ၏ တရားဝင်အစိုးရမဟုတ်ကြောင်းနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုလည်း ဖျက်သိမ်းလိုက်ပြီဟု တရားဝင်ထုတ်ပြန်ပြောဆိုထားသည်။

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular