Western News
Homeနိုင်ငံရေးဗျိုင်းဖြူရွာသားများကို စစ်ကောင်စီက ထောင်တွင်းရုံး ပြောင်းထုတ်

ဗျိုင်းဖြူရွာသားများကို စစ်ကောင်စီက ထောင်တွင်းရုံး ပြောင်းထုတ်

စစ်ကောင်စီ၏ ဖမ်းဆီးတရားစွဲဆိုမှုကို ခံထားရသည့် ရခိုင်ပြည် စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာသားများမှာ စစ်တွေမြို့နယ်တရားရုံး၌ အမှုရင်ဆိုင်နေရာကနေ စစ်တွေအကျဉ်းထောင်ရုံးသို့ ပြောင်းထုတ်လိုက်ကြောင်း ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များက ပြောသည်။

ဖမ်းဆီးခံထားရသူများထဲမှ တစ်ဦး၏ မိသားစုဝင်က “ဒီအပါတ်ရုံးချိန်းမှာ ရုံးထုတ်တာ တရားရုံးမှာ မဟုတ်တော့ဘူး။ ထောင်မှာပဲ ရုံးထုတ်တယ်။ ရုံးချိန်းလာတဲ့သူတွေက ထောင်ဝမှာပဲ နေကြရတယ်။ နောက်ထပ်ရုံးချိန်နေ့ကိုတော့ အထဲတစ်ယောက်က ထွက်လာပြီးပြောခဲ့တယ်” ဟုပြောသည်။

ဗျိုင်းဖြူရွာသားများကို စစ်ကောင်စီက အကြမ်းဖက်ဖမ်းဆီးခဲ့ပြီးနောက် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) ဖြင့် တရားစွဲဆိုကာ ခံပြသက်သေများအား စစ်ဆေးနေကြောင်း သိရသည်။
ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များမှာ အမှုနှင့်ပတ်သက်၍ တစ်စုံတစ်ရာ တိကျသေချာစွာ မသိရကြောင်း နောက်ထပ် မိသားစုဝင်အမျိုးသမီးတစ်ဦးက ပြောသည်။

“ကျမတို့ ဘာမှမသိပါဘူး။ သက်သေ ၂ ယောက်ခေါ်ရမယ်ဆိုရင် ဘာကြောင့် သက်သေတွေခေါ်တယ်ဆိုတာလည်း မသိပါဘူး။ အမှုက ဘယ်လိုရှိနေတယ်ဆိုတာလည်း မသိပါဘူး။ ရှေ့နေဆိုတာလည်း မရှိဘူး။ ဘယ်သူနဲ့မှလည်း စကားပြောခွင့်မရဘူး။ စစ်ဆေးနေတဲ့ တရားခွင်ကိုတောင် မိသားစုဝင်တွေအနေနဲ့ ဝင်ခွင့်မရကြဘူး။ အခု ထောင်မှာစစ်တော့ ပိုတောင်ဆိုးသွားပါသေးတယ်” ဟု ပြောသည်။

စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့ဝင်များသည် ဗျိုင်းဖြူကျေးရွာကို မေလ ၂၉ ရက်နေ့က ဝင်ရောက်စီးနင်းပြီး အမျိုးသားများအားလုံးကို ဖမ်းဆီးကာ လူ ၁၀၀ ခန့်ကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ပြီး ၁၀၀ ခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားသည်။

ဖမ်းဆီးခေါ်ဆောင်သွားသော လူ ၁၀၀ ထဲက ၆၀ ကျော်ကို စစ်ကောင်စီက တရားစွဲထားခြင်းဖြစ်ပြီး အုပ်စုလိုက် (အဖြတ်လိုက်) ခွဲတမ်းဖြင့် ရုံးထုတ်စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular