Western News
Homeစစ်ရေးသိမ်းပိုက်မြို့များ ပြန်လည်ပတ်ရေး TNLA ခေါင်းဆောင်များ သွားရောက်လေ့လာ

သိမ်းပိုက်မြို့များ ပြန်လည်ပတ်ရေး TNLA ခေါင်းဆောင်များ သွားရောက်လေ့လာ

(၂၀၂၅ မှာ အရပ်သားပါသော အစိုးရဖွဲ့မည်ဟုဆို)

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းတွင် တအောင်းတပ် TNLA က သိမ်းပိုက်ရရှိထားသော ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်မြို့တို့ အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်နိုင်ရေး TNLA ထိပ်ပိုင်းခေါင်းဆောင်များက သွားရောက်ကြည့်ရှုစစ်ဆေးနေသည်။

TNLA ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်နှင့် အထွေထွေအုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးချုပ် တားဂူးဇာရ်တို့ ဦးဆောင်သော အဖွဲ့တို့သည် ဩဂုတ်လ ၁၅ ရက်မှ ၁၈ ရက်နေ့အထိ သွားရောက်ခဲ့ပြီး လူထုနှင့်တွေ့ဆုံကာ အုပ်ချုပ်ရေးယန္တရား ကောင်းမွန်စွာ လည်ပတ်နိုင်ရေးကို ဆွေးနွေးခဲ့သည်ဟု သိရသည်။

တပ်စခန်းနှင့် အစိုးရဆိုင်ရာဌာနရုံးများ၊ အုပ်ချုပ်ရေးရုံးများ၊ ဆေးရုံများနှင့် စာသင်ကျောင်းများအား သွားရောက် လေ့လာခဲ့ကြောင်း ထုတ်ပြန်သည်။

TNLA ၏ တော်လှန်ရေးလုပ်ငန်း ရည်ရွယ်ချက်နှင့် အဖွဲ့အစည်း၏ မူပေါ်လစီများကို ရှင်းလင်းတင်ပြပြီး ပြန်လည်တည်ငြိမ်ရေးနှင့် ဒေသတွင်းအေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြည်သူလူထုများ၏ အခြေခံဝန်ဆောင်မှုဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးတို့ အမြန်ဆုံးရရှိရေးအတွက် ဆောင်ရွက်ပြီး လိုအပ်နေသည့် ကျွမ်းကျင်ဝန်ထမ်းများကို မြို့နယ်အတွင်းရှိ CDM ဝန်ထမ်းများအား ဖိတ်ခေါ်ကာ အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ဗိုလ်ချုပ်တားဘုန်းကျော်က ပြောကြားခဲ့သည်။

မိုးကုတ်မြို့နယ်၌ တစ်နိုင်တပိုင် အသေးစားကျောက်ရှာဖွေရေးလုပ်ငန်းနှင့် ရိက္ခာများ လွယ်ကူစွာ သယ်ယူနိုင်ရေးတို့ကိုလည်း အဆင်ပြေချောမွေ့စေရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟုလည်း ဗိုလ်ချုပ်တာဘုန်းကျော်က ဆက်လက်ပြောသည်။

ဗဟိုအထွေထွေအုပ်ချူပ်ရေးဌာနမှူး ဗိုလ်မှူးချူပ် တားဂူးဇာရ်ကလည်း မြို့တွင်းအုပ်ချုပ်ရေးယန္တရား ပြန်လည် လည်ပတ်နိုင်ရန် သက်ဆိုင်ရာ အုပ်ချုပ်ရေးဌာနများနှင့် ပူးပေါင်းပါဝင်ကြရန် တွေ့ဆုံပွဲ၌ တက်ရောက်လာသည့် မြို့မိမြို့ဖများအား တိုက်တွန်းပြောဆိုထားသည်။

လက်တလော ကာလအတွက် အုပ်ချုပ်ရေးလုပ်ငန်းများကို TNLA မှ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီးသော်လည်း လာမည့် ၂၀၂၅ ခုနှစ်၌ ကြားကာလ တော်လှန်ရေးအစိုးရ၊ TNLA နှင့် အရပ်သားများပူးပေါင်းပြီး အုပ်ချုပ်ရေးလုပ်ငန်း ပူးတွဲစီမံအုပ်ချုပ်သည့် အစိုးရပေါ်ပေါက်နိုင်ရန် ကြိုးပမ်းသွားမည်ဟုလည်း ဗိုလ်ချုပ်တားဘုန်းကျော်က ဆိုသည်။

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular