Western News
Homeစစ်ရေးစစ်ကောင်စီသည် AA ကို ရှုံးနိမ့်နေ၍ ရခိုင်ပြည်ကို လက်လွှတ်ရတော့မည်

စစ်ကောင်စီသည် AA ကို ရှုံးနိမ့်နေ၍ ရခိုင်ပြည်ကို လက်လွှတ်ရတော့မည်

မြန်မာစစ်ကောင်စီသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော အနောက်ဘက်ဆုံးပြည်နယ်မှ နှင်ထုတ်ခံရလုနီးပါးဖြစ်နေပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝှမ်း ပြန်ဖြစ်လာသော ပြည်တွင်းစစ် ပဋိပက္ခများများတွင် အကြီးမားဆုံးသော စစ်ရေးဆုံးရှုံးမှုများထဲမှ တစ်ခုဖြစ်ကြောင်း ဘန်ကောက်ပို့စ်က ယနေ့ ဩဂုတ် ၂၇ ရက်တွင် ဖော်ပြသည်။

အာရက္ခတပ်တော် AA သည် တိုက်ခိုက်ရေးကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကတည်းက ရခိုင်ပြည်အနှံ့ အရှိန်အဟုန်မြှင့် လုပ်ဆောင်လာခဲ့ပြီး အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ထားသည့် တစ်ခုတည်းသော အကြီးဆုံးနယ်မြေကို ဖန်တီးရန် စီစဉ်နေကြောင်း International Crisis Group (ICG) က ယနေ့ ဩဂုတ်လ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

တရုတ်နယ်စပ်တွင် ဖွဲ့စည်းခဲ့သော AA သည် ပြီးခဲ့သောနှစ်အတွင်း စစ်ကောင်စီ၏ အပြတ်သတ်ဆုံး တိုက်ပွဲများဆုံးရှုံးမှုအချို့အတွက် ဦးဆောင်စေခဲ့သည်။ ၎င်းတို့၏ အောင်ပွဲများသည် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဒီမိုကရေစီလိုလားသူများအတွက် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော စစ်အစိုးရကို ဖြုတ်ချရန် စည်းရုံးနေခြင်း ဖြစ်သည်။

“AA ဟာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ လူဦးရေ တစ်သန်းကျော်ရှိတဲ့ ပရိုတိုပြည်နယ်ကို ဖော်ထုတ်ဖို့ လုပ်ဆောင်နေပါတယ်” ဟု International Crisis Group ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာစစ်တပ်သည် တိုက်ခိုက်မှုများနှင့် စီးပွားရေးကို အကြီးအကျယ် ထိခိုက်စေသည့် ပိတ်ဆို့တားဆီးမှုများဖြင့် တန်ပြန်ခဲ့သော်လည်း AA လက်နက်ကိုင်အဖွဲ့က ဆက်လက် တိုက်ခိုက်နေကြောင်း ဆိုသည်။

အခြားသော အစီရင်ခံစာများတွင် စစ်ကောင်စီသည် နိုင်ငံအတွင်းရှိ မြို့နယ်အများစုကို ထိန်းချုပ်မှုဆုံးရှုံးသွားခဲ့ပြီး လုံခြုံရေးအခြေအနေ ဆိုးရွားလာသဖြင့် ပြီးခဲ့သည့်လက အရေးပေါ်ကာလ ထပ်မံတိုးမြှင့်ခဲ့သည်။

စစ်ကောင်စီက နောက်ထပ် အရေးပေါ်ကာလ သတ်မှတ်ခဲ့သည့်အကြောင်းရင်းများသည် နိုင်ငံလူဦးရေ၏ ၇၆ ရာခိုင်းနှုန်းသည် ဆင်းရဲချို့တဲ့နေခြင်း၊ နေထိုင်ရေးခက်ခဲခြင်း သို့မဟုတ် အသက်ရှင်သန် ခက်ခဲလာခြင်းနှင့် အသက်အန္တရာယ်နှင့်နီးကပ်အောင်အထိ ဆိုးရွားလာသော စီးပွားရေးမပြေလည်မှုများကြောင့် ဖြစ်သည်ဟု ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က ဧပြီလတွင် ပြောကြားခဲ့သည်။

AA သည် ရခိုင်ကမ်းရိုးတန်းတစ်လျှောက် အဓိက အောင်ပွဲများရရှိထားပြီး ယခုအခါ ရခိုင်ပြည်မြို့တော် စစ်တွေအား တိုက်ခိုက်ရန် အသင့်ဖြစ်နေသည်သာမက အဓိက ပစ်မှတ်မှာ အရေးပါသော တရုတ်အခြေခံအဆောက်အအုံ စီမံကိန်းများရှိရာ ကျောက်ဖြူမြို့ (မဒေးကျွန်း) လည်း ပါဝင်နေသည်။

ရခိုင်ပြည်သည် မြန်မာနိုင်ငံတွင် ထိခိုက်လွယ်သော မွတ်ဆလင်များနေထိုင်ရာ နေရာလည်းဖြစ်သည်။ ယခု ဩဂုတ်လသည် လူပေါင်း ၇ သိန်းကို နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မောင်းထုတ်ခဲ့သည့် မြန်မာစစ်တပ်၏ စစ်ဆင်ရေးပြုလုပ်ခဲ့သည့်လဖြစ်သည်။ ထိုစစ်ဆင်ရေးကြောင့် ယခု ဩဂုတ်လ လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော မြန်မာစစ်တပ်၏ စစ်ရာဇ၀တ်မှုများအဖြစ် အမေရိကန်နှင့် ကုလအဖွဲ့က ဆုံးဖြတ်ခဲ့သည့် အချိန်လည်းဖြစ်သည်။

မွတ်ဆလင်လူနည်းစု အုပ်စုအပေါ် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး တိုက်ပွဲများကြောင့် အရပ်သားများ ရာနှင့်ချီ သေဆုံးခဲ့ရသော ဆိုးရွားပြင်းထန်သည့် အခြေအနေဟု ကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲ Volker Turk က ပြီးခဲ့တဲ့ သီတင်းပတ်က ထုတ်ဖော်ပြောဆိုထားသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက မှတ်တမ်းတင်ထားသည့် အချက်အလက်များအရ မြန်မာစစ်တပ် (စစ်ကောင်စီ) နှင့် AA တို့ နှစ်ဖက်စလုံးသည် မွတ်ဆလင်များအပေါ် ပြင်းထန်သော လူ့အခွင့်အရေး ချိုးဖောက်မှုများအား ကျူးလွန်ခဲ့ကြသလို တရားမဲ့ သတ်ဖြတ်မှု၊ ခေါင်းဖြတ်မှု၊ ပြန်ပေးဆွဲမှုနှင့် အတင်းအကြပ် လူသစ်စုဆောင်းမှုများ ပြုလုပ်ခဲ့ကြသည်ဟု ကုလက ပြောဆိုထားသည်။

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ Crisis Group ၏ အကြီးတန်းအတိုင်ပင်ခံ Thomas Kean က “အာရက္ခတပ်တော် AA က ရခိုင်ပြည်မှာ စီးပွားရေး အရင်းအမြစ်တွေကို အသုံးချနိုင်မလားဆိုတာကတော့ သိသာထင်ရှားတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်” ဟု ပြောဆိုထားသည်။

အိမ်နီးချင်းနိုင်ငံများနှင့် မမြင်နိုင်သော အခြေခံအဆောက်အဦများ မရှိသော်လည်း တရုတ်နိုင်ငံက ကျောက်ဖြူမြို့တွင် ရေနက်ဆိပ်ကမ်း၊ အထူးစီးပွားရေးဇုန်နှင့် အမြန်ရထားလမ်းများ တည်ဆောက်ရန် စီစဉ်နေသည်မှာ ကြာပြီဖြစ်သည်။

“မြန်မာနိုင်ငံအနောက်ပိုင်းမှာ အာရက္ခတပ်တော် AA တက်လာတာဟာ တရုတ်နိုင်ငံအတွက် သေချာပေါက် စိန်ခေါ်မှုတစ်ခုပါ၊ အဓိကကတော့ ဒေသတွင်းမှာ ဘေဂျင်းရဲ့ စီးပွားရေးနဲ့ ဗျူဟာမြောက် အကျိုးစီးပွားတွေကြောင့်ပဲ” ဟု Thomas Kean က ဆိုသည်။

“တရုတ်က ရခိုင်ပြည်အတွင်း ၎င်း၏ ရင်းနှီးမြှုပ်နှံမှုများကို အနှောင့်အယှက် သို့မဟုတ် ထိခိုက်မှု မရှိစေရန် သေချာစေချင်ကြောင်း” ဘန်ကောက်ပို့စ်သတင်းက ရေးသားဖော်ပြထားသည်။

ပုံစာ – ကျောက်တော်၊ ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲမှာ ကုလားတန်မြစ်အတွင်းက စစ်ကောင်စီ ဇက်စစ်သင်္ဘောအား အာရက္ခတပ်တော် AA သိမ်းပိုက်နိုင်ခဲ့သည့်ပုံဖြစ်သည်။

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular