Western News
Homeစစ်ရေးတော်လှန်ရေးတပ်ဖွဲ့များကို လိုအပ်သလို တုန့်ပြန်မည်ဟု မင်းအောင်လှိုင်ပြော

တော်လှန်ရေးတပ်ဖွဲ့များကို လိုအပ်သလို တုန့်ပြန်မည်ဟု မင်းအောင်လှိုင်ပြော

သတင်းရရှိမှုနှင့် အခြေအနေ အရပ်ရပ်အပေါ်မူတည်၍ တော်လှန်ရေးအင်အားစုများ၊ တပ်ဖွဲ့များကို လိုအပ်သလို တုန့်ပြန်တိုက်ခိုက်မည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

ယမန်နေ့ စက်တင်ဘာလ ၃ ရက်နေ့တွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် ရှမ်းပြည်နယ် တောင်ကြီးမြို့သို့ ရှောက်ရှိခဲ့ပြီး ရှမ်းပြည်နယ်စစ်ကောင်စီအဖွဲ့နှင့်တွေ့ဆုံစဉ် မင်းအောင်လှိုင်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

“လက်နက်ကိုင်အကြမ်းဖက် သောင်းကျန်းသူများ၏ သတင်းရရှိမှုနှင့် အခြေအနေအရပ်ရပ်အပေါ်မူတည်၍ လိုအပ်သလို တုန့်ပြန်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ၎င်းတို့ အဓမ္မဝင်ရောက်နေထိုင်လျက်ရှိသည့် မြို့၊ ရွာများရှိ ပြည်သူများအနေဖြင့် ၎င်းတို့၏ အသုံးချမှုမခံရစေရေးနှင့် ဘေး ကင်းလုံခြုံမှုရှိစေရေးတို့အတွက် သတိပြုကြရန်လိုအပ်” ဟု ပြောဆိုခဲ့သည်။

တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့များသည် နယ်မြေချဲ့ထွင်ရန် ကြိုးပမ်းနေကြပြီး မြန်မာစစ်တပ်က ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ရာတွင် အရပ်သားပြည်သူလူထုအနေဖြင့် ဘေးကင်းလုံခြုံရေးကို သတိပြုကြရန်ဟု စစ်ခေါင်းဆောင်က ဆိုသည်။

စစ်ကောင်စီအနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မဖြစ်မနေ ကာကွယ်စောင့်ရှောက်သွားမည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။

မြန်မာစစ်တပ်လည်းဖြစ် စစ်ကောင်စီ/စစ်အုပ်စုကို မြန်မာပြည်သူတစ်ရပ်လုံးနှင့် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ၊ ဒီမိုကရေစီအင်အားစုများက အကြမ်းဖက်အဖွဲ့/အုပ်စုဟု သတ်မှတ်ထားကြသည်။

နယ်မြေဆုံးရှုံးမှုများနေသည့် ရှမ်းမြောက်ဒေသနှင့် ရခိုင်ဒေသက တော်လှန်ရေးအဖွဲ့များဖြစ်သော ကိုးကန့်တပ် MNDAA၊ တအောင်းတပ် TNLA နှင့် ရခိုင်တပ် AA တို့ကို အကြမ်းဖက်အဖွဲ့ မြန်မာစစ်တပ် (စစ်ကောင်စီ) က အကြမ်းဖက်အဖွဲ့ဟု တန်ပြန်ကြေညာထားသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက် မြန်မာစစ်တပ် (စစ်ကောင်စီ) ၏ ကျူးလွန်မှုများကြောင့် ဒီမိုကရေစီအရေးလှုပ်ရှားသူ ၅၅၉၉ ဦး သေဆုံးခဲ့ရသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AA က ယနေ့ စက်တင်ဘာလ ၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ပုံစာ – အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရှမ်းပြည် တောင်ကြီးမြို့သို့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့တွင် ရောက်ရှိခဲ့ပြီး အုပ်ချုပ်ရေးဝန်ထမ်းများဖြင့် တွေ့ဆုံခဲ့သည်။ (ဓါတ်ပုံ – cincds)

Western News-WN

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular