Western News
Homeသတင်းလားရှိုးမှာ မြို့ပြယာဉ်ထိန်းသိမ်းရေး အရေးကြီးလာဟု MNDAA ပြော

လားရှိုးမှာ မြို့ပြယာဉ်ထိန်းသိမ်းရေး အရေးကြီးလာဟု MNDAA ပြော

ရှမ်းမြောက်ဒေသ လားရှိုးမြို့တွင် ယာဉ်မတော်တဆ ဖြစ်ပွားမှု တိုးလာနေ၍ မြို့ပြယာဉ်ထိန်းသိမ်းရေးမှာ အရေးကြီးသော အလုပ်ဖြစ်လာဟု ကိုးကန့်တပ် MNDAA ယနေ့ စက်တင်ဘာလ ၁၂ ရက်နေ့ ထုတ်ပြန်ပြောသည်။

“လားရှိုးမြို့ဒေသခံပြည်သူများ နေရပ်ပြန်ကြသဖြင့် လူနှင့်ယာဉ်စီးရေများ တိုးပွားလာကာ မြို့ပြယာဉ်ထိန်း သိမ်းရေးသည် အရေးကြီးသော အလုပ်ဖြစ်လာသည်” ဟု ထုတ်ပြန်ချက်က ဆိုသည်။

စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းက ယာဉ်ထိန်းရဲအဖွဲ့ လားရှိုးမြို့သို့ ဝင်ရောက်လာချိန်မှစ၍ ယာဉ်မတော်တဆမှု ၁၀ မှုကျော်ကို ကိုင်တွယ်ဖြေရှင်းခဲ့ကြောင်းသိရသည်။

၎င်းတို့တွင် အများစုမှာ အရှိန်လွန်ခြင်း၊ ယာဉ်များ တခြားယာဉ်ကြော လမ်းနေရာယူမောင်းခြင်းနှင့် ယာဉ်မောင်းများ ဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာ အားနည်းခြင်းတို့ကြောင့် ဖြစ်သည်ဟု ဆိုသည်။

ယာဉ်ထိန်းရဲအဖွဲ့သည် နေ့စဉ်ယာဉ်ထိန်းသိမ်းမှုအား အားကောင်းစေရုံသာမက ယာဉ်မတော်တဆမှုအမျိုးမျိုးကို ကိုင်တွယ်ဖြေရှင်းနိုင်မှုနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာများ ဖြန့်ဝေပေးကာ ပြည်သူများ၏ ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာကိုလည်း အားကောင်းစေရန် ဆောင်ရွက်သွားပါမည်ဟု MNDAA က ပြောသည်။

လားရှိုးမြို့ကို အာဏာသိမ်း စစ်ကောင်စီထံမှ ကိုးကန့်တပ် MNDAA က သိမ်းပိုက်ထားပြီး လားရှိုးမြို့ လွတ်မြောက်ရေးရချိန်မှစ၍ MNTJP ဗဟိုကော်မတီနှင့် အထူးဒေသ(၁) အုပ်ချုပ်မှုကော်မတီတို့သည် လားရှိုးမြို့၏ လုံခြုံရေး စီမံခန့်ခွဲမှုနှင့် စစ်ပြီးခေတ် ပြန်လည်တည်ဆောက်ရေးတို့ကို တိုးမြှင့်ဆောင်ရွက်သွားရန် အလေးထားဆောင်ရွက်ခဲ့ပြီး သိသိသာသာသော အောင်မြင်မှုများ ရရှိခဲ့ကြောင်း သိရသည်။

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular