Western News
Homeစစ်ရေးMNDAA က NUG နှင့် စစ်ရေး၊ နိုင်ငံရေး မပူးပေါင်းဟု ကြေညာ

MNDAA က NUG နှင့် စစ်ရေး၊ နိုင်ငံရေး မပူးပေါင်းဟု ကြေညာ

(သို့သော်လည်း မိမိကိုယ်ကို ခုခံကာကွယ်ခွင့် ဆက်လက်ကိုင်စွဲမည်ဟုဆို)

ကိုးကန့်တပ် MNDAA က အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မည် မဟုတ်ကြောင်း စက်တင်ဘာလ ၄ ရက်နေ့က ထုတ်ပြန်သော ကြေညာချက် ယမန်နေ့က ထွက်ပေါ်လာသည်။

မန္တလေးနှင့် တောင်ကြီးမြို့ကို NUG နှင့် ပူးပေါင်းကာ စစ်မြေပြင်များတိုးချဲ့ခြင်းနှင့် ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများကို ပြုလုပ်မည်မဟုတ်ကြောင်း MNDAA ၏ ကြေညာချက်က ဆိုသည်။

သို့သော်လည်း မိမိကိုယ်ကို ခုခံကာကွယ်ခွင့်အား ဆက်လက်ကိုင်စွဲထားပြီး တရုတ်၏ ကြားဝင်စေ့စပ်ဖြေရှင်းခြင်းများကို တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်သွားမည်ဟု MNDAA က ပြောသည်။

တရုတ်နိုင်ငံအနေဖြင့် လက်ရှိ တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးဝါးလာသော မြန်မာနိုင်ငံ၏ အခြေအနေကို ကြားဝင်စေ့စပ် ဖြေရှင်းပေးရန် MNDAA က အထူးမေတ္တာရပ်ခံထားသည်။

MNDAA အနေဖြင့်လည်း ချက်ချင်းအပစ်အခတ်ရပ်စဲပြီး တရုတ်နိုင်ငံနှင့် တက်တက်ကြွကြွ ပူးပေါင်းကာ ပဋိပက္ခများကို နိုင်ငံရေး တွေ့ဆုံဆွေးနွေးသော လမ်းစဉ်ဖြင့် အဖြေရှာ ဖြေရှင်းသွားမည်ဖြစ်ကြောင်း MNDAA က ကြေညာထားသည်။

လက်ရှိ တရုတ်နိုင်ငံက မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့အပေါ် ဖိအားကြီးကြီးမားမားပေးနေပြီး နယ်စပ်များကို တစ်ဖက်သတ် ပိတ်ပင်မှုများ လုပ်ဆောင်နေကြောင်းနှင့် တရုတ်၏ ဖိအားပေးမှုသည် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့အားလုံးအပေါ် သက်ရောက်မှုရှိနေကြောင်း သိရသည်။

MNDAA ဦးဆောင်သော မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့က ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့ စတင်ပြီး ၁၀၂၇ စစ်ဆင်ရေး စတင်ကာ ရှမ်းပြည်မြောက်ပိုင်းရှိ လောက်ကိုင် အပါအဝင် မြို့အများအပြား သိမ်းပိုက်ခဲ့သည်။

ယင်းနောက် ၁၀၂၇ ဒုတိယလှိုင်းဖြင့် စစ်ကောင်စီနှင့် MNDAA တို့ တိုက်ပွဲအတွင်း MNDAA က လားရှိုးမြို့နှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular