Western News
Homeစစ်ရေးစစ်ကောင်စီ စစ်သင်္ဘော ၈ စီးကို KIA သိမ်းပိုက်ရရှိ

စစ်ကောင်စီ စစ်သင်္ဘော ၈ စီးကို KIA သိမ်းပိုက်ရရှိ


(ဓါတ်ပုံသတင်း)

မြန်မာစစ်တပ် (စစ်ကောင်စီ) ၏ တိုက်ခိုက်ရေး စစ်သင်္ဘော ၈ စီးကို KIA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီး ယင်းစစ်သင်္ဘောများကို ဖောက်ခွဲ ဖျက်ဆီးရန်သာရှိကြောင်း KIA သတင်းရင်းမြစ်က ပြောသည်။

“ဗန်းမော် မြလယ်ဘက်မှာ စစ်သင်္ဘော ၄ စီးရတယ်။ ရွှေကူအထက် မြစ်ကျဉ်းမှာ ၂ စီးရတယ်။ ထီးချိုင့် မြတောင်မှာ ၂ စီးရတယ်။ စုစုပေါင်း ၈ စီးရတယ်။ ဖောက်ခွဲဖျက်ဆီးဖို့ပဲရှိပါတယ်” ဟု ဆိုသည်။

စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်း ကချင်ပြည်နယ်၊ ရွှေကူမြို့မှ ဗန်းမော်သို့ ဆန်တက်လာသော စစ်ကောင်စီသင်္ဘော ၇ စီးကို KIA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ သင်္ဘော ၂ စီးမှာ နစ်မြုပ်ပြီး ၄ စီးမှာ မီးလောင်ပျက်စီးသွားပြီဖြစ်သည်။

အဆိုပါ စစ်သင်္ဘော ၄ စီးကို KIA က သိမ်းပိုက်ရရှိပြီး စစ်သင်္ဘော ၇ စီးအနက်မှ ၁ စီးသာလျှင် ဗန်းမော်သို့ ရောက်ရှိလာကြောင်းနှင့် ထီးချိုင်မြို့နယ် မြတောင်တွင်လည်း စစ်သေင်္ဘာ ၂ စီးကိုလည်း ပစ်ခတ်ဖျက်ဆီးသိမ်းပိုက်နိုင်ခဲ့ကြသည်။

(ရန်ကုန်ခေတ်သစ်မီဒီယာသည် Western News ၏ မိတ်ဖတ်အဖွဲ့ဖြစ်သည်)

Western News MM
Western News MMhttps://westernnewsmm.com/
Western News is a Myanmar-based news outlet that monitors and investigates injustices and human rights
RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Social Counter

286,900FansLike
0FollowersFollow
319FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular