Western News
Homeစစ်ရေးတိုက်ပွဲပြင်းလာ၍ ဖားကန့်ပြည်သူများ မြို့ကိုစွန့်ခွာ

တိုက်ပွဲပြင်းလာ၍ ဖားကန့်ပြည်သူများ မြို့ကိုစွန့်ခွာ


(သတင်းတို)

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်ကောင်စီနှင့် KIA ပူးပေါင်းတပ်များအကြား စစ်ရေးတင်းမာနေပြီး မြို့ခံပြည်သူများ စျေးဆိုင်များပိတ်ထားကာ စတင်ပြောင်းရွှေ့နေကြပြီဟု သိရသည်။

စက်တင်ဘာ လဆန်းပိုင်းမှစပြီး ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် KIA ပူးပေါင်းတပ်များအကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလာခဲ့ရာမှ ယခုအခါ မြို့ပေါ်တွင်ပါ စစ်ရေးတင်းမာလာနေသည်။

စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်လာသဖြင့် ပြည်သူများထိခိုက်သေဆုံးမှုများ ရှိလာ၍ ဖားကန့်မြို့ပြည်သူများမှာ စတင်တိမ်းရှောင်မှုများ လုပ်လာကြပြီး စျေးဆိုင်များမှာလည်း ပိတ်ထားကြသည်။

ဒေသပြည်သူတစ်ဦးက “ဒီကနေ့မှာပဲ KIA/KPDF တွေ မြို့ကို ဝိုင်းပတ်ထားတယ်။ ဖားကန့်မြို့ကတော့ တပ်လှန့်လိုက်တဲ့ အနေအထား ရောက်သွားပါပြီ။ မြို့နေလူထုလည်း အမြန်ဆုံး မြို့ကိုခွာနေကြပါတယ်။ အတော်များများ ကျန်နေပါသေးတယ်။ ကျန်နေသူတွေလည်း စိုးရိမ်စိတ်တွေနဲ့ ကျန်နေကြ ထွက်ခွာသူတွေလည်း စိုးရိမ်စိတ်တွေနဲ့ဆိုတာ မျက်နှာမှာ အထင်းသားပေါ်နေကြရှာတယ်။ စျေးဆိုင်တွေလည်း ပိတ်ထားတယ်” ဟု ပြောသည်။

အလားတူ ဖားကန့်တပ်မကုန်းကိုလည်း KIA/KPDF ပူးပေါင်းအဖွဲ့က လက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခြင်းများလုပ်နေကြောင်း ဆိုသည်။

KIA သတင်းရင်းမြစ်က “Lucky Man ဟိုတယ်မှာလည်း စစ်ခွေးတွေရှိတယ်။ စစ်ခွေးတွေကတော့ အပြင် မထွက်ရဲတော့ဘူး။ အကုန်လုံးမှာ ပိတ်ပြီး ပုန်းအောင်းနေကြတယ်။ အခုက ပတ်ပတ်လည်က KIA နဲ့ PDF က ၀ိုင်းထားတယ်” ဟု ပြောသည်။

ဖားကန့်မြို့ အဝင်အထွက်များကို တော်လှန်ရေးတပ်များက ပိတ်ဆို့ထားကြောင်း သိရသည်။

(ရန်ကုန်ခေတ်သစ်မီဒီယာသည် Western News ၏ မိတ်ဖက်ဖြစ်သည်)

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Social Counter

286,900FansLike
0FollowersFollow
319FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular