Western News
Homeသတင်းမကွေးက စစ်ကောင်စီ တပ်ရင်းတပ်ဖွဲ့များ လက်နက်ချအလင်းဝင်ရန် PRA ပြော

မကွေးက စစ်ကောင်စီ တပ်ရင်းတပ်ဖွဲ့များ လက်နက်ချအလင်းဝင်ရန် PRA ပြော

မကွေးတိုင်း ငဖဲမြို့နယ်အတွင်းက စစ်ကောင်စီ လက်အောက်ခံ အခြေစိုက်တပ်ရင်းများ၊ ကင်းစခန်းများ၊ ဂိတ်များနှင့် တပ်ဖွဲ့ဝင်များအနေဖြင့် လက်နက်ချအလင်းဝင်ကြရန် မကွေးစစ်တပ် PRA က သတိပေးတိုက်တွန်းလိုက်သည်။ 

မကြာခင်မှာ PRA ထိုးစစ်က မြေပြန့်ကိုဆင်းမည် 

မကြာခင်မှာ စစ်က မြေပြန့်ကို ဆင်းလာမည်ဖြစ်၍ မကွေးက စစ်ကောင်စီ တပ်ဖွဲ့ဝင်များအနေဖြင့် အချိန်မီ လက်နက်ချအညံ့ခံ အလင်းဝင်ကြရန် PRA ပြောခွင့်ရ ကိုနေမွန်က သတိပေးပြောသည်။ 

” ငဖဲမြို့နယ်မှာရှိတဲ့ ကပစတွေ၊ အမြောက်တပ်တွေ၊ စကစရဲ့ တပ်ရင်းတပ်ဖွဲ့တွေ အကုန်လုံး လက်နက်ချဖို့ ကျနော်တို့ဆီမှာ အလင်းဝင်ပြီး ခိုလှုံဖို့ သတိပေးတိုက်တွန်းပါတယ်။ မဟုတ်ရင် ကျနော်တို့ရဲ့ စစ်က မြေပြန့်ကို ဆင်းလာမှာဖြစ်တဲ့အတွက် မကြာခင်မှာ တိုက်ပွဲက ပိုပြင်းထန်လာမှာကို သတိပေးလိုတယ်။ ” ဟု Western News ကို ပြောသည်။ 

ယင်းအပြင် မကွေးတိုင်းအတွင်းမှာ စစ်ကောင်စီယန္တရားကို လည်ပတ်ပေးနေသည့် ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများသာမက စာရေးများပါ နှုတ်ထွက်ကြရန်လည်း PRA က တိုက်တွန်းနေသည်။ 

” အဓိကတော့ ကျနော်တို့ လှုပ်ရှားနေတဲ့ မင်းဘူးခရိုင်စစ်ဒေသက သူတွေကို ပြောတပါဗျ။ စစ်ကောင်စီယန္တရားကို လည်ပတ်ပေးနေတဲ့သူတွေ နှုတ်ထွက်ကြဖို့ တိုက်တွန်းလိုတာပါ။ ” ဟု ပြောသည်။ 

People’s Revolution Alliance (PRA-Magway)

လက်ရှိတွင် မကွေးစစ်တပ် PRA သည် ရက္ခိုင့်တပ်တော် AA နှင့် ပူးပေါင်းပြီး အမ်း-ပဒါန်းလမ်းပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံတိုက်ခိုက်နေပြီး စစ်ကောင်စီက အဆိုပါလမ်းမကို အသုံးပြု၍ ထောက်ပို့လုပ်ငန်းများလုပ်ကိုင်နေသည့်အတွက် AA က အမ်း-ပဒါန်းလမ်းမကို ပိတ်ပင်လိုက်ပြီဖြစ်သည်။ 

ပြည်သူများအသက်အန္တရာယ် မထိခိုက်စေရန် ရည်ရွယ်၍ အမ်း-ပဒါန်းလမ်းမကို အသုံးမပြုကြရန်နှင့် စစ်ကောင်စီကလည်း စစ်လက်နက်ခဲယမ်းများ သယ်ယူနေသည့်အပြင် စွန့်လွှတ်မိုင်းများကိုလည်း ထောင်ထားသည့်အတွက် AA က ပိတ်ပင်လိုက်ရခြင်းဖြစ်သည်ဟု သိရသည်။ 

ရခိုင်ဒေသ တိုက်ပွဲများမှ ထွက်ပြေးလာသော စစ်ကောင်စီ၏ တတက (၉) ခလရ (၆၃) လက်အောက်ခံ တပ်ဖွဲ့ဝင် ၂ ဦးနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ခမရ (၃၄၆) လက်အောက်ခံ တပ်ဖွဲ့ဝင် ၄ ဦးကို အရှင်ဖမ်းဆီးရမိပြီး မိတ်ဖက်အဖွဲ့အစည်းဖြစ်သည့် ရက္ခိုင့်တပ်တော် AA ထံ လွှဲပြောင်းပေးလိုက်ပြီဟု PRA ပြောခွင့်ရက ဆိုသည်။ 

PRA က လက်ရှိတွင် စစ်ကောင်စီတပ်များနှင့် ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိပြီး စစ်သုံးစစ်တိုက်ဖျက်ရေးကို အနိမ့်ဆုံးဘုံလုပ်ငန်းစဉ်အဖြစ် သတ်မှတ်ထားကြောင်းနှင့် PRA သည် ရက္ခိုင့်တပ်တော် AA ၏ မဟာမိတ်တပ်ဖွဲ့ဝင်ဖြစ်သည်။

People’s Revolution Alliance (PRA-Magway)
RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular