Western News
Homeနိုင်ငံရေးဆရာတော်ကို သတ်ဖြတ်သော စစ်ကောင်စီကို သံဃာထု ချီတက်ဆန္ဒပြ

ဆရာတော်ကို သတ်ဖြတ်သော စစ်ကောင်စီကို သံဃာထု ချီတက်ဆန္ဒပြ

(စစ်ကောင်စီကို ကံဆောင်သပိတ်ပြုလုပ်မြို့ ၆ ခုအထိ ရှိလာ)

မကွေးတိုင်း၊ မြိုင်မြို့နယ်မှ သံဃာတော်များက စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် ပြုလုပ်ပြီး ပြည်သူများနှင့်အတူ ချီတက်ဆန္ဒပြကြကြောင်း သိရသည်။

ဇွန်လ ၂၇ ရက်နေ့ နံနက် ၈ နာရီအချိန် မကွေးတိုင်းဒေသကြီး၊ မြိုင်မြိုနယ်အတွင်းရှိ သံဃာတော်များက စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ပြုလုပ်ခဲ့ကြသည်။

ပဲခူးတိုင်းက အထင်ကရဆရာတော်ကို သေနတ်ဖြင့် ပစ်သတ်ခဲ့၍ ကံဆောင်သပိတ်သို့ သံဃာတော်အပါး ၁၀၀ ကျော်နှင့် ဒါကာ၊ ဒါကာမများဝန်းရံ၍ စစ်ကောင်စီကို ဆန္ဒပြနေခြင်းဖြစ်သည်။

ပဲခူးမြိုရှိ ဝင်းနိမ္မိတာရုံစာသင်တိုက်၏ ပဓာနနာယက၊ နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲဝင် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ကို စစ်တပ်က ဇွန်လ ၁၉ ရက်မှာ ပစ်သတ်ခဲ့ပြီးနောက် ၈ ရက်မြောက်နေ့တွင် မြိုင်မြို့နယ်မှ သံဃာတော်များက စစ်ကောင်စီကို ကံဆောင်သပိတ် ပြုလုပ်နေခြင်းဖြစ်သည်။

ဇွန်လ ၂၃ ရက်နေ့တွင် ချောင်းဦးမြို့နယ်မှ သံဃာတော်များကလည်းကောင်း၊ ဇွန်လ ၂၄ ရက်နေ့တွင် ဒီပဲယင်းမြို့နယ်မှ သံဃာတော်များကလည်းကောင်း၊ ဇွန်လ ၂၅ ရက်နေ့တွင် တန့်ဆည်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်မှ သံဃာတော်များကလည်းကောင်း ကံဆောင်သပိတ်ပြုလုပ်နေခြင်းဖြစ်သည်။

ဆက်လက်ပြီး ဇွန်လ ၂၆ ရက်နေ့တွင် စစ်ကိုင်းမြို့နယ်မှ သံဃာတော်များကလည်းကောင်း၊ ဇွန်လ ၂၇ ရက်နေ့တွင် မြိုင်မြို့နယ်မှ သံဃာတော်များကလည်းကောင်း အသီးသီး စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်နေကြပြီး စစ်ကောင်စီကို ကံဆောင်သပိတ်မှောက်သည့် မြို့နယ် ၆ ခုအထိ ရှိလာနေပြီဖြစ်သည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular