Western News
Homeစစ်ရေးတကျော့ပြန် ၁၀၂၇ စစ်ဆင်ရေး TNLA က စစ်ကောင်စီတပ်စခန်းများကို ဆက်တိုက်သိမ်းပိုက်

တကျော့ပြန် ၁၀၂၇ စစ်ဆင်ရေး TNLA က စစ်ကောင်စီတပ်စခန်းများကို ဆက်တိုက်သိမ်းပိုက်

(နောင်ချို အမှတ် ၆၀၆ ဒုံးတပ်ရင်း၊ အုမ္မခါးရွာတပ်စခန်းနှင့် တပ်မ ၃၃ တပ်စခန်းကို သိမ်းပိုက်)


ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ အမှတ် ၆၀၆ ဒုံးတပ်ရင်း၊ အုမ္မခါးရွာတပ်စခန်း၊ တပ်မ ၃၃ တပ်စခန်းတို့ကို လက်နက်ခဲယမ်းများနှင့်အတူ သိမ်းပိုက်ရရှိကြောင်း တအောင်းတပ် TNLA က သတင်းထုတ်ပြန်သည်။

ယနေ့ ဇွန်လ ၂၇ ရက် နံနက် ၁၀ နာရီအချိန် နောင်ချိုမြို့နယ် အုမ္မခါးရွာ၌တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းနှင့် နံနက် ၁၁ နာရီအချိန် စစ်ကောင်စီတပ်ရင်း အမှတ် ၆၀၆ ဒုံးတပ်ရင်းစခန်းတို့ကို TNLA က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ယမန်နေ့ ဇွန်လ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် နောင်ချိုမြို့နယ်၊ ကျောက်ကြမ်း ရွာရှိ စစ်ကောင်စီ၏ တပ်မ ၃၃ တပ်စခန်းကို TNLA နှင့် MDY-PDF ပူးပေါင်းတပ်တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြသည်။

ယနေ့ နံနက် ၁၁ နာရီ ၁၄ မိနစ် TNLA က ထိုးစစ်ဆင်တိုက်ခိုက်နေသည့် စစ်ကောင်စီတပ်ရင်း ၁၁၄ တပ်စခန်းကို စစ်ကောင်စီမှ Y-12 လေယာဉ်၊ တိုက်လေယာဉ်ဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ဇွန်လ ၂၆ ရက်နေ့ ည ၁၀ နာရီအချိန် နောင်ချိုမြို့ရှိ TNLA က သိမ်းပိုက်ထားသော ခမရ ၁၁၅ တပ်စခန်းကို စစ်တပ်က လေယာဉ်ဖြင့် လာရောက် ဗုံးကျဲခဲ့ကြောင်းနှင့် ယင်းနေ့တွင်ပင် မိုးကုတ်မြို့နယ်တွင် TNLA က သိမ်းပိုက်ထားသော စလောင်တောင်နှင့် အုပ်ဆောင်းတောင်တို့ကိုလည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထို့အတူ ဇွန်လ ၂၇ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် မိုးကုတ်မြိုနယ် အေးစေတီတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မ ၈၈ လက်အောက်ခံ လပခ၊ ခလရ- ၂၄၈တပ်စခန်းကို TNLA မှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဇွန်လ ၂၇ ရက်နေ့ နံနက် ၅ နာရီ ၄၀ မိနစ် အချိန် ကျောက်မဲမြို့နယ်တွင် TNLA နှင့် MDY-PDF ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီ၏ စကခ ၁ ၊ ခမရ ၅၀၁ ၊ ခမရ ၅၀၂ တပ်တို့ကိုလည်းကောင်း ထိုးစစ်ဆင်ခဲ့ပြီး စည်ပင်ဘုန်းတော်ကြီးကျောင်းနှင့် နောင်ပြစ် စသည့်နေရာများတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြသည်။

ဇွန်လ ၂၆ ရက် ကျောက်မဲမြို့နယ်တွင် လက်နက်ချအလင်းဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးနှင့်အတူ ၆၀ မမ ၂ လက်၊ စက်လတ် ၆ လက်၊ RPG-7 ၂ လက်၊ စနိုက်ဘာ ၁ လက်၊ ပစ္စတို ၅ လက်၊ မိုင်း ၅ လုံး၊ ၆၀ မမ ဗုံးသီးနှင့် RPG ဗုံးသီးများအပြင် စစ်အသုံးအဆောင်ပစ္စည်းများ၊ လက်နက်မျိုးစုံ ၅၉ မျိုးနှင့် ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular