Western News
Homeဓါတ်ပုံသတင်းနောင်ချိုရဲစခန်းမှာ မူးယစ်ဆေးဝါး တွေ့ရဟု TNLA ထုတ်ပြန်

နောင်ချိုရဲစခန်းမှာ မူးယစ်ဆေးဝါး တွေ့ရဟု TNLA ထုတ်ပြန်

ရှမ်းမြောက် နောင်ချိုမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးအများအပြား တွေ့ရကြောင်း တအောင်းတပ် TNLA က ယနေ့ ဇွန်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်သည်။

နောင်ချိုမြို့က စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးများအား TNLA က တိုက်ခိုက်သိမ်းပိုက်ရာမှာ မြို့မရဲစခန်းအတွင်း မူးယစ်ဆေးဝါး ပစ္စည်းနှင့် ယာမဆေးပြား အမြောက်အများ ဖမ်းဆီးရမိသည်ဟု TNLA က ဆိုသည်။

နောင်ချိုမြိုအတွင်းသို့ ဇွန်လ ၂၆ ရက်တွင် ဝင်ရောက်တိုက်ခိုက်ပြီး ဇွန်လ ၂၇ ရက်တွင် ဌာနဆိုင်ရာရုံးများအား လိုက်လံစစ်ဆေးကာ မြို့မရဲစခန်းတွင် အဆိုပါ မူးယစ်ဆေးဝါးများကို ရှာဖွေ သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular