Western News
Homeစစ်ရေးရေဖြူမြို့မှာ စစ်ဘေးရှောင်ပြည်သူ ၃၆၀၀ ကျော် အရေးပေါ်အကူအညီများ လိုအပ်နေ

ရေဖြူမြို့မှာ စစ်ဘေးရှောင်ပြည်သူ ၃၆၀၀ ကျော် အရေးပေါ်အကူအညီများ လိုအပ်နေ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ ရာဖူးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ၉ ရွာက စစ်ဘေးရှောင်ပြည်သူ ၃၆၀၀ ကျော်မှာ စားနပ်ရိက္ခာများနှင့် အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း စစ်ဘေးရှောင်ပြည်သူများထံမှ သိရသည်။

ဇွန် ၁၉ ရက်နေ့က နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ကျေးရွာ ၉ ရွာမှ ဒေသခံပြည်သူများမှာ နေအိမ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ မျောက်ချောရွာနှင့် အနီးအနားရှိ ရွာများကို လေကြောင်းတိုက်ခိုက်မှုနှင့် နေအိမ်မီးရှို့ခြင်းများကို ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း ဒေသခံစစ်ဘေးရှောင်များနှင့် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ နိုင်နဂါးက ” အခြေအနေက တော်တော်ဆိုးတယ်၊ အခုအချိန်အထိ နေရပ်မပြန်နိုင်သေးဘူး၊ နီးစပ်ရာ တောတွေမှာ ပုန်းနေကြရတယ်၊ စစ်တပ်ကလည်း စစ်ကြောင်းထိုး ဝင်နေတာရှိနေတော့ ကြောက်နေရတယ်၊ နောက်ပြီး မိုးတွေလည်း ရွာနေတော့ နေရထိုင်ရ ဒုက္ခရောက်နေကြရပြီး အရေးပေါ်အကူညီတွေ လိုအပ်နေတယ်” ဟု ပြော သည်။

ကလိန်အောင်မြို့ ရာဖူးကျေးရွာအုပ်စုအတွင်း စစ်ဘေးရှောင်နေရသည့် ကျေးရွာ ၉ ရွာမှာ မရောကြိုင်၊ ပနန်းပုံရွာပုံ၊ လှည်းဂိတ်၊ သဲချောင်း၊ မျောက်ချော၊ နဂါးအိုင်၊ ကျောင်းဒိန်း၊ ကရုန်းပိုင်၊ မိတ်ဇိပ်ရွာများဖြစ်သည်။

စစ်ဘေးရှောင် အိမ်ထောင်စု ၇၅၉ စုရှိပြီး အမျိုးသား ၁၉၇၉ ဦးနှင့် အမျိုးသမီး ၁၆၈၉ ဦး ရှိကာ စုစုပါင်း စစ်ဘေးရှောင်ဦးရေ ၃၆၆၈ ဦးရှိကြောင်း ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

“ဒီစစ်ဘေးရှောင် ၃၆၀၀ ကျော်မှာ အရေးပေါ် စားနပ်ရိက္ခာတွေကို ကျွန်တော်တို့ တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေက လိုအပ်တဲ့ အကူညီတွေ သွားပေးနေပါတယ်” ဟု MSRF အဖွဲ့မှ နိုင်နဂါးက ဆက်ပြောသည်။

သရက်ချောင်းမြို့နယ်အတွင်း ပြီးခဲ့သည့် မေလကလည်း စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုး ဝင်ရောက်မှုများကြောင့် ကျေးရွာ ၃ ရွာမှ ဒေသခံပြည်သူစစ်ရှောင် ၅၀၀၀ နီးပါးသည် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း ဒေါနတနင်္သာရီ-စစ်ဘေးရှောင် အထောက်အကူပြုရေးအဖွဲ့ အစီရင်ခံစာ ထုတ်ပြန်ချက်များအရ သိရသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular