Western News
Homeစီးပွားရေးထိုင်းမှာ MOU မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၃၀ ဦး လုပ်အားခမရ၍ အခက်ကြုံနေရဟုဆို

ထိုင်းမှာ MOU မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၃၀ ဦး လုပ်အားခမရ၍ အခက်ကြုံနေရဟုဆို

ထိုင်းနိုင်ငံ ချွန်ပူလီခရိုင် စီရက်ချာမြို့ ထွန်စူလတွင်ရှိသော ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် အလုပ်လုပ်နေကြသည့် MOU မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၃၀ ဦး သည် အလုပ်ရှင် သူဌေးမှ လုပ်အားခ မရှင်ပေး၍ အခက်ကြုံနေရကြောင်း သိရသည်။

အဆိုပါ MOU မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၃၀ ဦးကို Trede Win Co.,LTD နှင့် SHWE LANN PHWINT CP.,LTD တို့တွင် ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူများဖြစ်ကြသည်။

ယခင်က အလုပ်ရှင်ဖြစ်သူဘက်မှ လုပ်အားခ ပုံမှန်ရှင်ပေးခြင်းရှိသော်လည်း ပြီးခဲ့သည့် ဇွန် ၁ ရက်နေ့မှစ၍ လက်ရှိအချိန်အထိ လုပ်အားခများကို မရှင်ပေး၍ စားဝတ်နေရေး အခက်အခဲကြုံနေရကြောင်း WAG မြန်မာအလုပ်သမား အကူညီအဖွဲ့က ပြောသည်။

WAG တာဝန်ရှိသူ ကိုမုန်တိုင်းက “ဒီအလုပ်သမားတွေကို အလုပ်ရှင် သူဌေးဖြစ်သူနဲ့ စကားပြန် လုပ်သူတွေက လုပ်အားခ မပေးပဲ အလုပ်တွေ ထုတ်နေတာ ရှိနေလို့ ကျွန်တော်တို့အဖွဲ့ဆီကို လာရောက် အကူညီတောင်းခံထားတာ ဖြစ်တယ်” ဟု ပြောသည်။

လုပ်အားခမရရှိသေးသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၃၀ ဦး၏ လုပ်ခလစာများမှာ တစ်ဦးလျှင် ဘတ်ငွေ ၁၆၀၀၀ နှုန်းဖြင့် ရရှိမည်ဖြစ်ကြောင်း ကိုမုန်တိုင်းထံမှ သိရသည်။

ထိုသို့ လုပ်အားခများ မရှင်ပေးသည့် အလုပ်ရှင်အား WAG အဖွဲ့၏ အကူညီဖြင့် ဇူလိုင် ၂ ရက်နေ့တွင် ချွန်ပူလီ ဆာဝါဒီကန်ရုံးသို့ သွားရောက်တိုင်ကြားထားသည်။

ဆာဝါဒီကန် ရုံး၏အကြီးကဲများ၊ လဝကအဖွဲ့ (ဒေသအခေါ် တောမောင်း) နှင့် WAG အဖွဲ့တို့ ပူးပေါင်းပြီး လုပ်ငန်းခွင်တွင်းသို့ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

အာဏာသိမ်း စစ်ကောင်စီ လက်ထက်တွင် ပြန်တွင်း၌ အလုပ်အကိုင်ရှားပါးမှုကြောင့် လူငယ် အများစုသည် ပြည်ပသို့ ထွက်ခွာ သွားရောက်သူ များပြားနေကြသည်။

တရားဝင် MOU စနစ်ဖြင့် ရောက်ရှိနေသူများမှာလည်း ထိုင်းနိုင်ငံတွင် အလုပ်အကိုင် ရှားပါးမှုနှင့် အခက်အခဲများစွာ ကြုံနေရပြီး ထပ်မံ ထွက်ရှိလာမည့်သူများအနေဖြင့် အေဂျင်စီများကို သေချာလေ့လာပြီးမှ ထွက်လာရန် လိုအပ်ကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီပေးနေသူများက တိုက်တွန်း ပြောဆိုထားကြသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular