Western News
Homeစစ်ရေးတအောင်းတပ်ကို စစ်ကောင်စီက အဆိပ်ငွေဗုံးဖြင့် တိုက်ခိုက်

တအောင်းတပ်ကို စစ်ကောင်စီက အဆိပ်ငွေဗုံးဖြင့် တိုက်ခိုက်

ရှမ်းမြောက် တအောင်းဒေသ နောင်ချိုမြို့နယ် စစ်ကောင်စီ ဒုံးတပ်ရင်း ၆၀၆ က တအောင်းတပ် TNLA ကို အဆိပ်ငွေ့ဗုံး ၃ လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ ဒုံးတပ်ရင်း ၆၀၆ တပ်စခန်းကို တအောင်းတပ် TNLA မှ ဇွန်လ ၄ ရက်နေ့က တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်ရင်းမှ ပြန်လည်တိုက်ခိုက်ရာတွင် အဆိပ်ငွေ့ဗုံးဖြင့် တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီ အဆိပ်ငွေ့ဗုံးဖြင့် တိုက်ခိုက်မှုကြောင့် တအောင်းတပ်ဖွဲ့ဝင် ၈ ဦးထက်မနည်းမှာ အဆိပ်ငွေ့သင့်ခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

ယင်းတပ်ဖွဲ့ဝင်များမှာ အဆိပ်ငွေ့သင့်ပြီး အသက်ရှုမြန်ခြင်း၊ စိတ်လှုပ်ရှားမှုမြန်ခြင်း၊ မောပန်းခြင်း၊ အောက်စီဂျင်ကျခြင်းနှင့် မအီမသာဖြစ်ခြင်းတို့ကို ခံစားနေရပြီး ဆေးကုသမှု ခံယူနေကြရသည်ဟု ဆိုသည်။

နောင်ချိုရှိ ဒုံးတပ်ရင်း (၆၀၆) တပ်စခန်းမှာ TNLA ကို ပြန်လည်တိုက်ခိုက်ရာတွင် ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့ကလည်း အဆိပ်ငွေ့ဗုံး (၁) လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular