Western News
Homeစီးပွားရေးထိုင်းမှာလုပ်ရမည့် MOU ဆောက်လုပ်ရေး အလုပ်ခေါ်စာသစ် စစ်ကောင်စီ ယာယီဆိုင်းငံ့

ထိုင်းမှာလုပ်ရမည့် MOU ဆောက်လုပ်ရေး အလုပ်ခေါ်စာသစ် စစ်ကောင်စီ ယာယီဆိုင်းငံ့

ထိုင်းနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်များအတွင်း အဆင်မပြေမှုများရှိနေ၍ မြန်မာနိုင်ငံက တရားဝင်စေလွှတ်မည့် MOU လုပ်သားများများကို စစ်ကောင်စီက ယာယီဆိုင်းငံ့လိုက်ကြောင်း သိရသည်။

ထိုင်းဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် လုပ်ခလစာ အပြည့်အဝမရရှိခြင်းနှင့် အလုပ်သမားအခွင့်အရေးများ ချိုးဖောက်ခံနေရ၍ အေဂျင်စီများက ထပ်မံစေလွှတ်ကြမည့် MOU ရွှေ့ပြောင်းအလုပ်ခေါ်စာကို စစ်ကောင်စီ လက်အောက်ခံ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ဇူလိုင်လ ၄ ရက်နေ့က ယာယီပိတ်ပင်လိုက်သည်။

အမည်မဖော်လိုသည့် အေဂျင်စီတာဝန်ရှိသူတစ်ဦးက ” အလည က စာထုတ်လိုက်တာပါ။ အေဂျင်စီအချို့က ထိုင်းကို ဆောက်လုပ်ရေးနဲ့ (R) စာချုပ်ချုပ်ပြီးတော့ ပို့တယ်။ ထိုင်းရောက်တော့ အလုပ်သမားတွေကို ပြောထားတဲ့ အလုပ်နေရာ မပို့ဘဲ အခြားနေရာတွေကို ပို့တယ်။ လုပ်ငန်းခွင်ထဲကို အလုပ်သမားရောက်တော့ အလုပ်မပေးနိုင်တော့ ပြဿနာတွေ တက်ကြလို့ ဌာနက ဆောက်လုပ်ရေး အလုပ်ခေါ်စာအသစ်တွေ ပိတ်လိုက်တာပါ။ စာချုပ် ချုပ်ပြီးသား သူတွေကတော့ ထိုင်းကို သွားလို့ရပါတယ်” ဟု ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်းနှင့် ယခု ပြဌာန်းထားသော စစ်မှုထမ်းဥပဒေများကြောင့် မြန်မာနိုင်ငံအတွင်းက လူငယ် အမျိုးသား၊ အမျိုးသမီးများမှာ ထိုင်းနိုင်ငံသို့ အလုပ်သွားလုပ်ရန် ထွက်ခွာမှု များပြားနေသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများမှာ ထိုင်းနိုင်ငံသို့ တရားဝင်သွားရောက်ခြင်းရှိသလို တရားမဝင်လမ်းကြောင်းမှ သွားရောက်လုပ်ကိုင်ခြင်းလည်း အများအပြားရှိနေသည်။

ထိုင်းနိုင်ငံသို့ တရားဝင်လမ်းကြောင်းမှ ရောက်ရှိလာကြသည့် မြန်မာရွှေ့ပြောင်းသားအများစုမှာ MOU စာချုပ်ပါ လုပ်ငန်းအတိုင်း မလုပ်ရဘဲ အခြားသော လုပ်ငန်းများ၌ ပြောင်းရွှေ့လုပ်ကိုင်နေရ၍ အလုပ်သမားအခွင့်အရေး များစွာ ဆုံးရှုံးနေရသည်ဟု မြန်မာအလုပ်သမားအရေး ကူညီနေသူများက ပြောဆိုကြသည်။

WAG မြန်မာအလုပ်သမားများ ကူညီပေးရေးအဖွဲ့မှ ကိုမုန်တိုင်းက ” MOU မြန်မာ အလုပ်သမားတွေအနေနဲ့ အခုနောက်ပိုင်း ထိုင်းနိုင်ငံမှာ စာချုပ်ပါ လုပ်ငန်းခွင်နဲ့ လွှဲမှားစွာ ပို့ပေးခြင်းနဲ့ လုပ်ခလစာ၊ အလုပ်သမားအခွင့်ရေး ချိုးဖောက်ခံရတာတွေက အများကြီး ဖြစ်ပေါ်နေတယ် ” ဟု ပြောသည်။

ထိုင်းလုပ်ငန်းခွင်များမှာ တရားဝင်လုပ်ကိုင်ကြမည့် မြန်မာရွှေ့ပြောင်းလုပ်သားများမှာ အခွင့်အရေးချိုးဖောက်ခံနေရ၍ စစ်ကောင်စီက အလုပ်စာကို ယာယီရပ်လိုက်သော်လည်း မည်သည့်အချိန်တွင် ပြန်လည်ဖွင့်လှစ်များကို တိတိကျကျ ထုတ်ပြန်ထားခြင်းမရှိသေးပေ။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular