Western News
Homeစစ်ရေးစဉ့်ကူးက စစ်ကောင်စီတပ်စခန်း ၁၁ ခုကို မန္တလေး PDF သိမ်းပိုက်

စဉ့်ကူးက စစ်ကောင်စီတပ်စခန်း ၁၁ ခုကို မန္တလေး PDF သိမ်းပိုက်

(ဒုတပ်မှူး ဒုဗိုလ်မှူးကြီး လှိုင်းထွန်းအောင်အပါအဝင် စစ်ကောင်စီတပ်သား ၁၅ ဦးကို အရှင် ဖမ်းဆီးရမိ)

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က စစ်ကောင်စီတပ်စခန်း ၁၁ ခုကို မန္တလေး PDF က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး လက်နက်ခဲယမ်းအများအပြား အပြင် ဒုတိယတပ်မှူး ဒုဗိုလ်မှူးကြီး လှိုင်းထွန်းအောင်နှင့် ၁၄ ဦးကို အရှင်းဖမ်းဆီးရမိကြောင်း သိရသည်။

မန္တလေးတိုင်း စစ်ရေးအခြေအနေကို မန္တလေး PDF က ယနေ့ ဇူလိုင်လ ၈ ရက်နေ့က ထုတ်ပြန်ရာတွင် ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မန္တလေး PDF မှာ စဉ့်ကူးမြို့နယ်အတွင်းက စစ်ကောင်စီ၏ ရွှေပြည်ရဲစခန်း၊ လက်ပန်လှရဲစခန်း၊ ကျည်တောက်ပေါက်တပ်စခန်း၊ ကန်တောင်တပ်စခန်းနှင့် ပလယ်ကြီးတပ်စခန်း စသဖြင့် တပ်စခန်း ၁၁ ခုကို သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ပွဲများအတွင်း သပိတ်ကျင်းမြို့နယ်က ဒုတိယတပ်မှူး ဒုဗိုလ်မှူးကြီး လှိုင်းထွန်းအောင် (OTC 19) အပါအဝင် စစ်ကောင်စီတပ်သား ၁၅ ဦးကို ဖမ်းဆီးရမိသည့်အပြင် ပျူစောထီးများလည်း လက်နက်ချ အလင်းဝင်ကြကြောင်း သိရသည်။

တိုက်ပွဲပြင်းထန်နေချိန် စစ်ကောင်စီက ၎င်းတို့တပ်ဖွဲ့ဝင်များအား လေကြောင်းမှ လက်နက်ခဲယမ်းအများအပြား ကြဲချပေးခဲ့သော်လည်း မန္တလေး PDF က ကြားဖြတ်တိုက်ခိုက် ရယူကာ တပ်စခန်းများကို သိမ်းယူခဲ့ကြသည်။

စဉ့်ကူးတိုက်ပွဲအတွင်း မန္တလေး PDF ကို စဉ့်ကူးပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ မှ ထောက်ပို့ဆိုင်ရာများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular