Western News
Homeစစ်ရေးမာန်အောင်မှာ ကုန်ပစ္စည်းသယ် စက်လှေများဖမ်းဆီးခံရ

မာန်အောင်မှာ ကုန်ပစ္စည်းသယ် စက်လှေများဖမ်းဆီးခံရ

ရခိုင်ပြည် မာန်အောင်မြို့နယ်မှာ ပြီးခဲ့သည့်သီတင်းပတ်စ၍ ကုန်ပစ္စည်းများသယ်ယူလာသည့် စက်လှေများကို စစ်ကောင်စီ စစ်ရေယာဉ်များက ဖမ်းဆီးနေကြောင်း စုံစမ်းသိရသည်။

စက်လှေများမှာ ဇွန်လနောက်ဆုံး သီတင်းပတ်စပြီး ဖမ်းဆီးခံနေရကာ တပိုင်တနိုင် ကုန်စည်သယ်ယူသူများ များစွာနစ်နာဆုံးရှုံးနေရသည်ဟု မာန်အောင်ဒေသခံတစ်ဦးက ပြောသည်။

“အဖမ်းအဆီးများတာကတော့ ဇွန်လ နောက်ဆုံးအပတ်ထဲကနေ စတာပါ။ ကုန်တင်လာတဲ့ဘယ်ဘုတ်မဆို ဖမ်းတယ်။ ကုန်စည်သယ်ခွင့် ပိတ်တာကတော့ အစကတည်းက ပိတ်တာပဲ။ ဒါပေမယ့် စစ်တပ်ကလူတွေနဲ့ ညှိလို့ အဆင်ပြေရင် သွားလို့ရကြတယ်။ အခုနောက်ပိုင်းကျ ညှိပြီးသွားရင်တောင် အဖမ်းခံရတာမျိုးတွေဖြစ်လာတာ။ ” ဟု ပြောသည်။

ဖမ်းဆီးခံရသူများကို ပြန်လည်ရွေးထုတ်ရာတွင် ကျပ်သိန်းရာနှင့်ချီပေးနေရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက ငွေညှစ်တောင်းယူနေကြသည်။

စက်လှေများကို တောင်ကုတ်-မာန်အောင် ရေလက်ကြားရှိ စစ်ကောင်စီ နေဗီမှ အဓိက ဖမ်းဆီးနေပြီး ဇွန်လ ၂၃ ရက်နေ့က ကုန်ပစ္စည်းသယ်လာသည့် စက်လှေ ၄ စီး ဖမ်းဆီးခံရကြောင်းနှင့် ၎င်းတို့မှာ ရမ်းဗြဲမြို့နယ် ကျောက်နီမော်ဒေသခံများဖြစ်သည်။

ကုန်ပစ္စည်းသယ်ယူလာသည့် စက်လှေများအပြင် အခြားသော ခရီးသွားစက်လှေများလည်း ဖမ်းဆီးခံနေရပြီး စစ်ကောင်စီတပ်သားများက ဖမ်းဆီးထားသော စက်လှေများကို လေလံတင်ရောင်းချလျှက်ရှိကြောင်း မာန်အောင်ဒေသခံများက ပြောသည်။

ကုန်ပစ္စည်းသယ် စက်လှေများကို စစ်ကောင်စီက ဖမ်းဆီးနေ၍ မာန်အောင်ဒေသအတွင်း စားနပ်ရိက္ခာပြတ်လပ်မှုကို ခံစားနေရသလို ကုန်ဈေးနှုန်း အဆမတန်မြင့်တက်ခြင်းမှာလည်း ပိုမိုဆိုးဝါးလာသည်ဟု မာန်အောင်မြို့ခံတစ်ဦးက ဆိုသည်။

“ကုန်စျေးတွေ တက်တာကတော့ လမ်းကြောင်းတွေ အပိတ်ခံရကတည်းကပဲ။ အခုနောက်ပိုင်းတော့ ပိုဆိုးလာတာပေါ့။ အရင်က ၅၀ဝ တန်တစ်ခုကို အခုကျပ် ၂၀၀၀ လောက်ဖြစ်နေတယ်။ ရှာမရတဲ့ ကုန်ပစ္စည်းတွေလည်း ပိုများလာတယ်။ ကုန်တင်တဲ့ ဘုတ်တွေလည်း ထွက်သမျှ အဖမ်းခံလာရတော့ မသွားရဲကြတော့ဘူးလေ” ဟု ပြောသည်။

မာန်အောင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ နှစ်ဖက်တိုက်ပွဲများဖြစ်ပွားမှုမရှိသေးသော်လည်း စစ်ကောင်စီတပ်က မာန်အောင်ဒေသကို အခြားမြို့များနည်းတူ ပိတ်ဆို့ကန့်သတ်ထားလျှက်ရှိသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular