Western News
Homeစစ်ရေးစစ်ကောင်စီ ဂျက်ဖိုက်တာကြောင့် မိုးမိတ်က ကလေး ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ

စစ်ကောင်စီ ဂျက်ဖိုက်တာကြောင့် မိုးမိတ်က ကလေး ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ

ရှမ်းမြောက် တအောင်းဒေသ မိုးမိတ်မြို့နယ်ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့၍ အသက် ၁၁ နှစ်အရွယ် ကလေး ၁ ဦး နေရာ၌ သေဆုံးခဲ့ရပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

ယနေ့ ဇူလိုင်လ ၉ ရက် နံနက်ပိုင်းက မိုးမိတ်မြို့နယ် ရွှေတောင်ဦးကျေးရွာနှင့် သရက်တောကျေးရွာကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရွှေတောင်ဦးကျေးရွာက နေအိမ် အများအပြား ပျက်စီးသွားသည်။

သေဆုံးသွားသော ကလေးငယ်မှာ ရွှေတောင်ဦးကျေးရွာကဖြစ်ပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်းနှင့် ကျန်တစ်ဦးမှာ သရက်တောကျေးရွာက ဘုန်းတော်ကြီးဖြစ်သည်။

ယမန်နေ့ ဇူလိုင်လ ၈ ရက်နေ့ကလည်း စစ်ကောင်စီ လေတပ်က မိုးမိတ်မြို့ အရှေ့ပိုင်း ပိတ်စွယ်ရပ်ကွက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့၍ နေအိမ်နှစ်အိမ် ထိခိုက်ပျက်စီးခဲ့ရသည်။

ရှမ်းပြည် မြောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေး ဒုတိယအကြိမ်တိုက်ပွဲ ၁၅ ရက်တာကာလအတွင်း စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ၅၀ ဦးထက်မနည်းသေဆုံးသွားပြီး ၇၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular