Western News
Homeစစ်ရေးလောက်ကိုင်မြို့ကို စစ်ကောင်စီ ဗုံးကြဲ၊ အရပ်သား ၁ ဦးသေဆုံး

လောက်ကိုင်မြို့ကို စစ်ကောင်စီ ဗုံးကြဲ၊ အရပ်သား ၁ ဦးသေဆုံး

ကိုးကန့်တပ် MNDAA အုပ်ချုပ်ရာ လောက်ကိုင်မြို့ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သား ၁ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရပြီး အဆောက်အဦးများ ပျက်စီးသွားကြောင်း သိရသည်။

ဇူလိုင်လ ၁၄ ရက်နေ့ နံနက် ၂ နာရီခန့်အချိန်တွင် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကိုးကန့်သတင်းက ဖော်ပြသည်။

သေဆုံးသွားသူမှာ ဆီအောကျေးရွာက အသက် ၃၇ နှစ်အရွယ် Wang ဖြစ်ပြီး ဦးခေါင်းအနောက်ဘက် ထိခိုက်ဒဏ်ရာဖြင့် သေဆုံးသွားရခြင်းဖြစ်သည်။

စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် တုံချိန်ဒေသရှိ Royal Lever ဟိုတယ်နှင့် International ဟိုတယ်တို့ ထိခိုက်ပျက်စီးခဲ့ရပြီး အနီးအနားက နေအိမ်များလည်း ထိခိုက်ပျက်စီးသွားသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular