Western News
Homeစစ်ရေးမြန်မာ့ပဋိပက္ခ ပိုဆိုးလာ၍ ၇ ဘီလီယံရှိ ရင်းနှီးမြှုပ်နှံမှု ထိုင်းကုမ္ပဏီများ ရုပ်သိမ်း

မြန်မာ့ပဋိပက္ခ ပိုဆိုးလာ၍ ၇ ဘီလီယံရှိ ရင်းနှီးမြှုပ်နှံမှု ထိုင်းကုမ္ပဏီများ ရုပ်သိမ်း

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ပဋိပက္ခ ပိုဆိုးရွားလာ၍ မြန်ပြည်ထဲက ထိုင်းကုမ္ပဏီများက ၇ ဘီလီယံတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုများကို ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

ယခင်က ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် တတိယမြောက် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံထားသော နိုင်ငံဖြစ်ခဲ့သော်လည်း ယခုအခါ အဆင့် ၅ သို့ ကျဆင်းသွားကြောင်း ထိုင်းသတင်းများက ဖော်ပြကြသည်။

မြန်မာနိုင်ငံအတွင်း ထိုင်းကုမ္ပဏီများက စီမံကိန်း ၁၅၅ ခုတွင် အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၆ ဘီလီယံ ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

ယင်းအထဲက စီမံကိန်း ၅၀ မှာ မြန်မာပြည် တည်ငြိမ်မှုမရှိ၍ဟုဆိုကာ အမေရိကန်ဒေါ်လာ ၇ ဘီလီယံကို ရုပ်သိမ်းပြီး ထွက်ခွာသွားကြောင်းနှင့် ကျန်ရှိ စီမံကိန်း ၁၀၅ ခုတွင်လည်း အမေရိကန်ဒေါ်လာ ၄ ဒသမ ၄၅ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံမှုများ ကျဆင်းသွားကြောင်း သိရသည်။

ယင်းကဲ့သို့ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ အစုအပြုံလိုက် ထွက်ခွာမှုသည် မြန်မာ့စီးပွားရေးအတွက် ထိုးနှက်ချက်ဖြစ်ကြောင်း ပြောဆိုနေကြသည်။

Prachachat Business News ၏ အဆိုအရ ထိုင်းနှင့် မြန်မာကြား ကုန်သွယ်မှုသည် ဇန်နဝါရီမှ မေလအထိ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃ ဘီလီယံရှိကြောင်း၊ ယခင်နှစ်များနှင့်နှိုင်းယှဉ်လျှင် ၁၀ ဒသမ ၄၆ ရာခိုင်နှုန်း ကျဆင်းသွားသည်။

မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံ၏ ပို့ကုန်တင်ပို့မှုသည် ၁၁ ဒသမ ၈၁ ရာခိုင်နှုန်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံ အထိ ကျဆင်းသွားကြောင်းနှင့် ထိုင်းနိုင်ငံသို့ မြန်မာနိုင်ငံမှ သွင်းကုန်တင်သွင်းမှုမှာလည်း ၈ ဒသမ ၅၂ ရာခိုင်နှုန်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံအထိ ကျဆင်းသွားကြောင်း သိရသည်။

တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီကြား တိုက်ပွဲများမှာ လျှော့ကျသွားရန် မရှိသဖြင့် ထိုင်းကုမ္ပဏီ အများအပြားက မြန်မာနိုင်ငံရှိ ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှုများကို ရပ်ဆိုင်းလိုက်ကြခြင်းဖြစ်သည်။

ထိုင်းနိုင်ငံမှ TPBI Public Company Limited ၏ လုပ်ငန်းခွဲဖြစ်သော TPBI & Myanmar Star Company Limited ကို ဇူလိုင် ၈ ရက်နေ့တွင် ဖျက်သိမ်းခဲ့သည်။

Christiani & Nielsen (Thai) Public Company Limited နှင့် General Engineering Public Company Limited တို့ကလည်း လက်ရှိဖြစ်ပေါ်နေသော မြန်မာ့နိုင်ငံရေး အခြေအနေများကြောင့် ၎င်းတို့၏ မြန်မာပြည်က လုပ်ငန်းများကို ရပ်ဆိုင်းလိုက်ကြသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular