Western News
Homeစစ်ရေးလားရှိုးက စစ်ကောင်စီ လေ့ကျင့်ရေးတပ်ကို MNDAA က သိမ်းပိုက်

လားရှိုးက စစ်ကောင်စီ လေ့ကျင့်ရေးတပ်ကို MNDAA က သိမ်းပိုက်

ရှမ်းမြောက်ဒေသ လားရှိုးမြို့နယ်က စစ်ကောင်စီ၏ အမှတ် ၁၁ စစ်ပညာအခြေခံလေ့ကျင့်ရေးတပ်ကို ကိုးကန့်တပ် MNDAA က တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး စစ်သုံ့ပန်းများနှင့် တပ်မိသားစုဝင်များကို ဖမ်းဆီးရမိကြောင်း ကိုးကန့်သတင်းက ထုတ်ပြန်ထားသည်။

ဇူလိုင်လ ၁၂ ရက်နေ့က အမှတ် ၁၁ လေ့ကျင့်ရေးတပ်ကို MNDAA က သိမ်းပိုက်ခဲ့ပြီး တပ်မိသားစုဝင်များမှာ အမျိုးသမီးများ၊ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ရဲမေများ ပါဝင်ကြောင်း သိရသည်။

ပြည်သူတစ်ဦးက ” စခတ ၁၁ ကို MNDAA က သိမ်းပြီးတော့ စစ်သုံ့ပန်းတွေကို ခေါ်ဆောင်သွားပါတယ်။ ရဲမေတွေ စစ်သမီးတွေကိုတော့ ပြန်လွှတ်ပေးတယ်။ တပ်မိသားစုဝင်တွေ အမျိုးသမီး၊ ကလေး၊ သက်ကြီးရွယ်အိုတွေ အကုန်လုံးကိုတော့ ပြန်လွှတ်ပေးတယ်။ ကားလမ်းမကြီးပေါ်အထိ အကုန် ဘေးကင်းတဲ့နေရာကို လိုက်ပို့ပေးတယ်။ မိုဘိုင်းလ်ဖုန်းတွေကိုတော့ သိမ်းသွားတယ်” ဟု ပြောသည်။

ကိုးကန့်တပ် MNDAA ကလည်း စခတ ၁၁ (ခေါ်) ရှန်းဟိုင်းစစ်ကျောင်းမှ စစ်ကောင်စီ တပ်သား မိသားစုနှင့် ဒေသခံ ဒုက္ခသည်များကို ပြန်လည်နေရာ ချထားပေးခဲ့ကြောင်း ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular