Western News
Homeစီးပွားရေးလောင်တလိုင်မှာ ရခိုင်ကုန်သည်များ ကုန်ပစ္စည်းသယ်ယူခွင့် ကန့်သတ်ခံထားရဆဲ

လောင်တလိုင်မှာ ရခိုင်ကုန်သည်များ ကုန်ပစ္စည်းသယ်ယူခွင့် ကန့်သတ်ခံထားရဆဲ

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည် လောင်တလိုင်ခရိုင်ထဲမှာ ရခိုင်ကုန်သည်များ ကုန်ပစ္စည်းသယ်ယူခွင့် ကန့်သတ်ခံထားရဆဲဖြစ်ပြီး လောင်တလိုင်ထဲမှာ ပိတ်မိနေကြကြောင်း သိရသည်။

ရခိုင်ကုန်သည်များကို ဗဟိုလိုင်လူငယ်အဖွဲ့က ကန့်သတ်ပိတ်ပင်ထားသည်မှာ တစ်လကျော်ကြာမြင့်လာနေပြီဟု အိန္ဒိယရောက် ရခိုင်ကုန်သည်တစ်ဦးက ပြောသည်။

“ဒီမှာ သောင်တင်နေတာ ၁ လလောက် ရှိလာပြီ။ ဘယ်လို အခြေနေနဲ့ ပြန်ရမလဲ မသိတော့ဘူး။ ကုန်ပစ္စည်းတွေ ချခွင့်ပေးတဲ့အထိ သည်းခံစောင့်ဆိုင်းနေကြတာပဲ။ တချို့ဆိုလည်း မီးရှို့ခံရလို့ ဆုံးရှုံးတဲ့သူတွေ ဆုံးရှုံခဲ့ပြီးပြီ။ ကျန်တဲ့သူတွေမှာလည်း ကုန်တွေက ပြန်လည်းသွင်းမရ ယူသွားလို့လည်း မရနဲ့ ဒီအတိုင်း ဆုံးရှုံးထားသလို ဖြစ်နေပြီ” ဟု ပြောသည်။

ရခိုင်ကုန်သည်များ၏ ပစ္စည်းများကို ဗဟိုလိုင်လူငယ်အဖွဲ့က ဖျက်ဆီးလိုက်သည်မှာ ကျပ်သိန်း ထောင်ဂဏန်းအထိ ဆုံးရှုံးမှုရှိသွားပြီဟု ရခိုင်သည်များက ပြောဆိုကြသည်။

မီဇိုရမ်ပြည်နယ်ထဲက ကုန်ပစ္စည်းများကို မြန်မာနိုင်ငံဘက်သို့ အထူးသဖြင့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်ဘက်သို့ သယ်ယူခွင့်ကို ဗဟိုလိုင်လူငယ်အဖွဲ့က ပိတ်ပင်နေခြင်းဖြစ်ပြီး အိန္ဒိယနိုင်ငံထဲမှာသာ ကုန်ပစ္စည်းသယ်ယူခွင့် ပြုထားကြောင်း သိရသည်။

သို့သော်လည်း မီဇိုရမ်ပြည်နယ်ထဲမှာ စက်သုံးဆီက လွဲပြီး အခြားကုန်ပစ္စည်းများကိုသာ ခွင့်ပြုပေးထားကြောင်းလည်း ကုန်သည်တစ်ဦးက ဆိုသည်။

” လောင်တလိုင်ဖက်ကတော့ အတော်ဆိုးတယ်။ ဘာကုန်ပစ္စည်းမှ ချခွင့်မပေးဘူး။ တခြားမြို့တွေကတော့ စားသောက်ကုန်တွေ ချခွင့်ပေးတယ်။ ဒါပေမယ့် စက်သုံးဆီကတော့ ဘယ်မြို့နယ်ကမှ ချခွင့်မရဘူး ဖြစ်နေတယ်” ဟု ပြောသည်။

မီဇိုရမ်ပြည်နယ် ကုန်သည်များအသင်းက ပြည်တွင်းကုန်သွယ်မှုကို မတားမြစ်ရန် ဗဟိုလိုင်လူငယ်အဖွဲ့အပါအဝင် မြို့နယ်အသီးသီးရှိ လိုင်လူငယ်အဖွဲ့အစည်းများကို သတိပေးနေသည်။

ဗဟိုလိုင်လူငယ်အဖွဲ့က ပြည်နယ်အတွင်း ကုန်စည်သယ်ယူခွင့်ကို ပိတ်ပင်ထားခြင်းမဟုတ်ဘဲ မြန်မာပြည်ဘက် ပို့မည့် ကုန်ပစ္စည်းများကိုသာ ပိတ်ပင်နေခြင်းဖြစ်ကြောင်း မီဇိုရမ်ပြည်နယ် ကုန်သည်များအသင်းကို တုန့်ပြန်ထားသည်။

ဗဟိုလိုင်လူငယ်အဖွဲ့သည် မီဇိုရမ်ပြည်နယ်အတွင်း ဩဇာကြီးသော အဖွဲ့တစ်ခုဖြစ်ပြီး နောက်ကွယ်တွင် အိန္ဒိယအာဏာပိုင်များက ကျော့ထောက်နောက်ခံပြုထားကြောင်း သိရသည်။

ဗဟိုလိုင်လူငယ်အဖွဲ့၏ ကန့်သတ် ပိတ်ပင်မှုကြောင့် ချင်းပြည်နှင့် ရခိုင်ပြည် ကုန်စည်စီးဆင်းမှုမှာ ပြတ်တောက်သွားပြီး ဒေသတွင်း ကုန်ပစ္စည်းပြတ်လပ်ကာ လက်ရှိ အခြေခံစားသောက်ကုန်များမှာလည်း ဈေးအဆမတန် မြင့်တက်လျက်ရှိကြောင်း စုံစမ်းသိရသည်။

အာရက္ခတပ်တော် AA ပြောခွင့်ရ ဦးခိုင်သုခက မီဇိုရမ်ပြည်နယ်က လူငယ်အဖွဲ့အစည်းများအနေဖြင့် မြန်မာပြဿနာမှာ ဝင်ရောက်မစွပ်ဖက်ဖို့နှင့် ပြဿနာ ပိုမိုရှုပ်ထွေးအောင် မပြုလုပ်ဖို့ သတိပေး ပြောကြားထားသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular