Western News
Homeနိုင်ငံရေးချင်းလဲန်းကောင်စီက CDF-Daai (ဒိုင်ရ်တပ်ဖွဲ့များ) နှုတ်ထွက်

ချင်းလဲန်းကောင်စီက CDF-Daai (ဒိုင်ရ်တပ်ဖွဲ့များ) နှုတ်ထွက်

CNA/CNF ဦးဆောင်သော ချင်းလဲန်းကောင်စီ (CC) မှ ချင်းပြည်ထဲက မျိုးနွယ်စုတစ်ခုဖြစ်သည့် ဒိုင်ရ်မျိုးနွယ်စုများ၏စစ်တပ် CDF-Daai (ဒိုင်ရ်တပ်ဖွဲ့များ) မှာ ဇူလိုင် ၁၂ ရက်နေ့က နှုတ်ထွက်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

CDF-Daai (ဒိုင်ရ်တပ်ဖွဲ့) သည် Chinland Council (ချင်းလဲန်းကောင်စီ) ၏ အဖွဲ့ဝင်တပ်ဖွဲ့တစ်ခုဖြစ်ပြီး ချင်းပြည်ထဲက စစ်ကောင်စီအား တိုက်ထုတ်ခဲ့ကြသည်။

သို့သော်လည်း CDF-Daai တပ်ဖွဲ့သည် ဒိုင်ရ်ဒေသနှင့် ဒိုင်ရ်မျိုးနွယ်စုတစ်ခုလုံးကို မလွှမ်းခြုံနိုင်၍ မြို့နယ် ၄ ခုက ဒိုင်ရ်တပ်ဖွဲ့များနှင့် အုပ်ချုပ်ရေးအဖွဲ့များအား စုပေါင်းကာ ဒိုင်ရ်ဒေသန္တရကောင်စီ DRC ကို ညီလာခံကျင်းပ ဖွဲ့စည်းခဲ့ကြသည်။

ထိုကြောင့် ဒိုင်ရ်ဒေသအား အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရန် DRC ရှိနေပြီဖြစ်၍ ချင်းလဲန်းကောင်စီ (CC) မှ နှုတ်ထွက်ရခြင်းဖြစ်သည်ဟု Daai ထုတ်ပြန်ချက်အရ သိရသည်။

ဒိုင်ရ်ဒေသနှင့် ဒိုင်ရ်မျိုးနွယ်စုတစ်ခုလုံး၏ နိုင်ငံရေးအခန်းကဏ္ဍနှင့်ပတ်သက်၍ DRC ကသာ ဦးဆောင်အကောင်အထည် ဖော်သွားမည်ဟု Daai တပ်ဖွဲ့ ဥက္ကဌက ဆိုသည်။

Daai (ဒိုင်ရ်) မျိုးနွယ်စုသည် ချင်းပြည်ထဲက ကန်ပက်လက်၊ မင်းတပ်၊ မတူပီနှင့် ပလက်ဝမြို့နယ်တို့တွင်ရှိပြီး ခေတ်အဆက်ဆက် ပိုင်းခြားအုပ်ချုပ်ခြင်းကို ခံခဲ့ရသည်ဟု သိရသည်။

လက်ရှိတွင် Daai (ဒိုင်ရ်) ချင်းမျိုးနွယ်စုများ စည်းလုံးညီညွတ်ရေးနှင့် ချင်းပြည်တည်ဆောက်ရေးတွင် ဒိုင်ရ်ဒေသန္တရကောင်စီ DRC ဖြင့်သာ ဆောင်ရွက်သွားမည်ဟု ဆိုသည်။

ကန်ပက်လက်မြို့နယ်က ဒိုင်ရ်တပ်ရင်းတစ်ခုဖြစ်သည့် Kkei Sing တပ်ရင်းမှာလည်း CDF-Kanpetlet တပ်ဖွဲ့မှ နှုတ်ထွက်ကြောင်းနှင့် ဒိုင်ရ်ဒေသန္တရကောင်စီ DRC ၏ ဦးဆောင်မှုအောက်တွင် ချင်းပြည်ကို တည်ဆောက်မည်ဟု Kkei Sing တပ်ရင်းက ထုတ်ပြန်ထားသည်။

Daai (ဒိုင်ရ်) ဒေသန္တရကောင်စီ DRC အနေဖြင့် ချင်းညီနောင်တပ်ဖွဲ့များနှင့် ပူးပေါင်းမည်လား ဆိုသည်ကို အတိအကျ ပြောဆိုထားခြင်းမရှိပေ။

ချင်းအမျိုးသားတပ်မတော် CNA ဦးဆောင်သော ချင်းလဲန်းကောင်စီ CC သည် ချင်းညီနောင်တပ်ဖွဲ့ဝင်များနှင့် ပဋိပက္ခဖြစ်ပွားလျှက်ရှိနေပြီး ချင်းလဲန်းကောင်စီထဲက တပ်ဖွဲ့အချို့ နှုတ်ထွက်လာသည်ကို တွေ့နေရသည်။

ဇူလိုင်လ ၁၅ ရက်နေ့က ချင်းလဲန်းကောင်စီ အဖွဲ့ဝင် CDF-မတူပီ တပ်မဟာ ၂ လက်အောက်ခံ လီဆန်းတပ် (၄) မှာ ချင်းလဲန်းကောင်စီနှင့် CDF-မတူပီ တပ်မဟာ ၂ လက်အောက်က နှုတ်ထွက်ခဲ့ကြောင်း သိရသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular