Western News
Homeစစ်ရေးနေပြည်တော် အေလာလေဆိပ်ကို ရှော့တိုက်ဒုံးဖြင့်တိုက်ခိုက် လေယာဉ် ၃ စီး ပျက်စီး

နေပြည်တော် အေလာလေဆိပ်ကို ရှော့တိုက်ဒုံးဖြင့်တိုက်ခိုက် လေယာဉ် ၃ စီး ပျက်စီး

(အရာရှိအပါအဝင် စစ်ကောင်စီတပ်သား ၁၆ ဦး သေဆုံး)

နေပြည်တော် စစ်ကောင်စီ အေလာလေဆိပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ရှော့တိုက်ဒုံး ၇ လုံးနှင့် တိုက်ခိုက်ခဲ့ပြီး လေယာဉ် ၃ စီးပျက်စီးခဲ့သလို အရာရှိအပါအဝင် တပ်သား ၁၆ ဦးလည်း သေဆုံးသွားသည်။

ယမန်နေ့ ဇူလိုင်လ ၁၆ ရက် နံနက် ၉ နာရီက အေလာလေဆိပ်ကို တော်လှန်ရေးတပ်ဖွဲ့များဖြစ်သည့် MKCDF, MRF နှင့် BWM တို့က ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အေလာလေဆိပ်တိုက်ခိုက်မှုမှာ အရာရှိအပါအဝင် စစ်ကောင်စီတပ်သားတွေ သေဆုံးခဲ့သလို အဆောက်အဦး ၄ လုံး၊ လက်နက်ခဲယမ်းတိုက် ၁ လုံး၊ လေယာဉ်ပြုပြင်ရေး အပိုပစ္စည်း ဂိုဒေါင်ရုံ မီးလောင်ပျက်စီးသွားသည်။

စစ်ကောင်စီ၏ လေတပ်အရာရှိ ၄ ဦးနှင့် အခြားအဆင့် တပ်သား ၁၂ ဦးမှာလည်း သေဆုံးသွားကြောင်းနှင့် ဂျက်ဖိုက်တာအပါအဝင် လေယာဉ် ၃ စီးကို ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

နောက်ထပ် စစ်ကောင်စီဖက်က လေတပ်အရာရှိ ၃ ဦးနှင့် အခြားအဆင့် ၇ ဦးမှာ ပျောက်ဆုံးနေကြောင်း ဆိုသည်။

အေလာလေဆိပ်သည် လုံခြုံရေး အထူးတင်းကျပ်သော အဆင့်မြင့်လေဆိပ်ဖြစ်ပြီး ကရင်နီဒေသနှင့် ကရင်ပြည်နယ်အပါအဝင် နိုင်ငံအနှံ့က တော်လှန်ရေးတပ်ဖွဲ့များကို လေကြောင်းတိုက်ခိုက်မှု လုပ်နေသည့် လေတပ်စခန်းဖြစ်သည်။

MKCDF နှင့် BWM တို့သည် နေပြည်တော် အေလာဆိပ်ကို ယခုတစ်ကြိမ်နှင့်ဆို ၅ ကြိမ်မြောက် တိုက်ခိုက်ခြင်းဖြစ်ပြီး MRF အဖွဲ့နှင့် အထူးပူးပေါင်း တိုက်ခိုက်နေကြောင်း သိရသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular