Western News
Homeစစ်ရေးစစ်ကောင်စီနှင့် အိန္ဒိယတပ် စစ်ရေး ပူးပေါင်းဆောင်ရွက်မည်

စစ်ကောင်စီနှင့် အိန္ဒိယတပ် စစ်ရေး ပူးပေါင်းဆောင်ရွက်မည်

အာဏာသိမ်း စစ်ကောင်စီနှင့် အိန္ဒိယတပ်မတော် စစ်ရေးပိုမိုဆောင်ရွက်ရေး ယမန်နေ့ ဇူလိုင်လ ၁၆ ရက်တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲကို ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး အဘ်ဟေး တာကူးရ် (Abhay Thakur) တို့ တက်ရောက်ခဲ့ကြသည်။

နှစ်နိုင်ငံက စစ်တပ်များအနေဖြင့် သင်တန်းသားများ စေလွှတ်ရေး၊ စစ်ဘက်ဆိုင်ရာ ပိုမိုပူးပေါင်းဆောင်ရွက်ရေးနှင့် စစ်ရေးလေ့ကျင့်ရေးကိစ္စရပ်များကို ပြောဆိုဆွေးနွေးခဲ့ကြသည်။

နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ကာကွယ်ရေးဆိုင်ရာ ကိစ္စပ်ရပ်များကိုလည်း ဆွေးနွေးခဲ့သည်။

ယင်းအပြင် နှစ်နိုင်ငံ တပ်မတော် အချင်းချင်း ချစ်ကြည်ရင်းနှီးရေးနှင့် ဆက်ဆံရေး တိုးတက်ကောင်းမွန်ရေးကိုလည်း ပြောဆိုခဲ့ကြသည်။

အိန္ဒိယသံအမတ်သည် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ဦး ဦးသန်းဆွေ၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီး မိုးအောင်တို့နှင့်လည်း သီးခြား တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီ သတင်းစာက ဖော်ပြသည်။

အိန္ဒိယနှင့် စစ်ကောင်စီတို့သည် ရခိုင်ပြည် စစ်တွေမြို့ရှိ ဘက်စုံသုံး ကုလားတန်စီမံကိန်း ဆက်လက်အကောင်အထည်ဖော်ရေးကိုလည်း ဇူလိုင်လ ၁၀ ရက်နေ့က နေပြည်တော်တွင် ဆွေးနွေးခဲ့ကြသည်။

သို့သော်လည်း စစ်တွေရေနက်ဆိပ်ကမ်း၏ အဓိက အရေးပါသော ကုလားတန်မြစ်ကြောင်းနှင့် ပလက်ဝမြို့အပါအဝင် ပလက်ဝ-မီဇိုရမ်လမ်းပိုင်းကို အာရက္ခတပ်တော် AA က သိမ်းပိုက်ထိန်းချုပ်ထားသည်။

ပြည်နယ်မြို့တော် စစ်တွေမြို့ကိုလည်း အာရက္ခတပ်တော် ‌AA က သိမ်းပိုက်မည်ဖြစ်၍ စစ်တွေမြို့ရှိ စစ်ကောင်စီတပ်ရင်းများ၊ ဒကစ ဌာနချုပ် အမြန်ဆုံးလက်နက်ချ အညံ့ခံရန်လည်း AA က သတိပေးထားသည်။

အာဏာသိမ်း စစ်ကောင်စီသည် ရခိုင်နယ်စပ်တစ်လျှောက် တပ်ရင်းများ၊ စစ်စခန်းများနှင့် မြို့များ သိမ်းပိုက်ခံနေရ၍ အိန္ဒိယနိုင်ငံအားရေး စစ်ရေးအကူအညီတောင်းနေကြောင်းလည်း သုံးသပ်သူများက ပြောဆိုကြသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular