Western News
Homeစစ်ရေးချင်းပြည် မြို့တော်ရဲစခန်းကို CDF-Hakha ဝင်စီး၊ ရဲ ၄ ဦးသေ

ချင်းပြည် မြို့တော်ရဲစခန်းကို CDF-Hakha ဝင်စီး၊ ရဲ ၄ ဦးသေ

ချင်းပြည်နယ်၏ မြို့တော် ဟားခါးမြို့မရဲစခန်းကို ချင်းပြည်ကာကွယ်ရေးတပ် (CDF-Hakha) က ယနေ့ ဇူလိုင်လ ၂၀ ရက် နံနက် ၅ နာရီခွဲတွင် ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီ ရဲ ၄ ဦး သေဆုံးကြောင်း သိရသည်။

ဟားခါးမြို့မရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ပြီးနောက် နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသား ၆၂ ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း CDF-Hakha က ယနေ့ သတင်းထုတ်ပြန်ထားသည်။

Operation Rung အမည်ဖြင့် CDF-Hakha က အခြားသော ချင်းတော်လှန်ရေး မဟာမိတ်တပ်များဖြင့် ဟားခါးမြို့မရဲစခန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ ရဲ ၄ ဦး သေဆုံးခဲ့သလို ဒဏ်ရာအများအပြား ရရှိသွားကြောင်းလည်း သိရသည်။

CDF-Hakha တပ်မဟာ ၄ တာဝန်ရှိသူ တစ်ဦးက ” ရဲ ၁၄ ယောက် လောက်ရှိတယ်။ ကျန်တဲ့ရဲတွေက ထွက်ပြေးသွားတာ၊ ဖမ်းမိတာမရှိဘူး၊ လုပ်နိုင်သလောက်ပြီး ချက်ချင်းပြန်ဆုတ်လာခဲ့တာ။ ဒီလောက်ပဲ ပြောလို့ရဦးမယ်” ဟု ပြောသည်။

CDF-Hakha ကယ်ထုတ်လာသော အကျဉ်းသား ၆၂ ဦးထဲတွင် အမျိုးသမီး ၁၃ ဦးနှင့် အမျိုးသား ၄၉ ဦးပါဝင်ကြောင်း သိရသည်။

” နိုင်ငံရေးအကျဉ်းသားတွေရော၊ အခြားအကျဉ်းသားတွေရောအားလုံးပဲ အခုတော့ စစ်ဆေးနေတုန်း၊ စိစစ်နေတုန်းပဲ။ ” ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း လက်နက် ၂၃ လက်နှင့် ကျည်ဆန်အများအပြား သိမ်းဆည်းရရှိခဲ့သည်။

ဟားခါးမြို့မရဲစခန်းအား CDF-Hakha က ဝင်ရောက်တိုက်ခိုက်ချိန် အာဏာသိမ်း စစ်ကောင်စီက ၎င်းတို့တပ်ဖွဲ့ဝင်များအတွက် စစ်ကူပေးခြင်းမရှိကြောင်းနှင့် ကျန်ရှိ စစ်ကောင်စီတပ်ရင်းများကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်ရန် CDF-Hakha က ပြင်ဆင်နေသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ဟားခါးမြို့ထဲ၌ ပုန်းအောင်းနေကြပြီး CDF-Hakha က မြို့ပြင်၌ အသင့်စောင့်ဆိုင်းနေကြောင်း ထုတ်ပြန်ထားသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular