Western News
Homeစစ်ရေးစဉ့်ကူးမြို့ကို မန္တလေး PDF က သိမ်းပိုက်၊ သပိတ်ကျင်းကို ဆက်လက် ထိုးစစ်ဆင်

စဉ့်ကူးမြို့ကို မန္တလေး PDF က သိမ်းပိုက်၊ သပိတ်ကျင်းကို ဆက်လက် ထိုးစစ်ဆင်

မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်ကို မန္တလေး PDF က ဇူလိုင်လ ၁၇ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီ ကင်းစင်သွားပြီဟု သိရသည်။

စဉ့်ကူးမြို့သည် မန္တလေး PDF ၏ ပထမဦးဆုံးသော မြို့သိမ်းတိုက်ပွဲဖြစ်ပြီး သုံ့ပန်းများနှင့် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ကြောင်း မန္တလေး PDF က ထုတ်ပြန်ထားသည်။

စဉ့်ကူးမြို့ကို မန္တလေး PDF က မဟာမိတ်တပ်များဖြင့် ပူးပေါင်းတိုက်ယူခဲ့ပြီး ပထမဆုံး သိမ်းယူခဲ့သော မြို့အဖြစ် သမိုင်းမှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။

စဉ့်ကူးမြို့သည် မန္တလေးမြို့နှင့် ၅၄ မိုင်ကွာဝေးသော မြို့ဖြစ်ပြီး စဉ့်ကူးမြို့ကနေ တစ်နာရီခွဲခန့် သွားရသော သပိတ်ကျင်းမြို့ကို သိမ်းပိုက်နိုင်ရန် မန္တလေး PDF က ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရသည်။

မန္တလေး PDF သည် မဟာမိတ်တပ်များဖြင့် စဉ့်ကူးမြို့ကို ရပြီးနောက် သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာရှိ ရဲကင်းစခန်းကို ထိုးစစ်ဆင်ခိုက်နေကြောင်း ထုတ်ပြန်ထားသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular