Western News
Homeစီးပွားရေးထိုင်းနိုင်ငံ မဟာချိုင် စက္ကူစက်ရုံမှ မြန်မာရွှေ့ပြောင်း လုပ်သား ၃၀၀ ကျော် အကြောင်းမဲ့ အလုပ်ထုတ်ခံရ၊ နစ်နာကြေး ညှိနှိုင်းမှု အားလုံး...

ထိုင်းနိုင်ငံ မဟာချိုင် စက္ကူစက်ရုံမှ မြန်မာရွှေ့ပြောင်း လုပ်သား ၃၀၀ ကျော် အကြောင်းမဲ့ အလုပ်ထုတ်ခံရ၊ နစ်နာကြေး ညှိနှိုင်းမှု အားလုံး အဆင်မပြေသေး


ထိုင်းနိုင်ငံ မဟာချိုင်မြို့တွင် ရှိသည့် တရုတ်နှင့် ထိုင်းနိုင်ငံသားပိုင် စက္ကူစက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် တရားဝင် မြန်မာရွှေ့ပြောင်း အလုပ်သမား ၃၀၀ ကျော်ကို အကြောင်းပြချက် မရှိဘဲ အလုပ်ထုတ်ပယ် လိုက်သည်။

ပြီးခဲ့သည့် ဇူလိုင် ၁၉ ရက်နေ့က အဆိုပါ အလုပ်သမားများကို စက်ရုံဘက်က ကြိုတင် အကြောင်းကြားခြင်း မရှိဘဲ အလုပ်ထုတ်လိုက်ပြီး အလုပ်သမားများမှာ အခက်ခဲများဖြစ်ပေါ်နေကြောင်း ယင်းစက်ရုံရှိ အလုပ်သမားများက ပြောသည်။

အလုပ်ထုတ်ခံရသည့် အလုပ်သမား အမျိုးသမီး တစ်ဦးက “ကြိုတင် အကြောင်းကြားတာမျိုးမဟုတ်ဘဲ အခုလို ရုတ်တရက် အလုပ်ထုတ်တော့ အလုပ်သမားတွေဖက်မှာ အများကြီး နစ်နာတာပေါ့။ အခုလည်း အဖွဲ့စည်းတွေနဲ့ ချိတ်ဆက်ပြီး ဖြေရှင်းမှပဲ လုပ်သက်အလိုက် နာနာကြေးနဲ့ သူဌေးလွှဲပြောင်းစာ (ဘိုင်ကျန့်အော့)ကို လုပ်ပေးမယ်လို့ အလုပ်ရှင်ဖက်က ပြောလာတာ ရှိတယ်” ဟုပြောသည်။

အလုပ်ထုတ်ခံလိုက်ရသည့် အလုပ်သမားများက အလုပ်သမားအခွင့် အရေးဆောင်ရွက်နေသည့် အဖွဲ့အစည်းနှင့် ယနေ့ ဇူလိုင် ၂၃ ရက်နေ့တွင် အလုပ်ရှင်ဖက်ကို ဖြေရှင်းပေးရန် သွားရောက် တောင်းဆိုခဲ့ရာမှ နှစ်ဦးနှစ်ဖက် ပြေလည်မှု ရရှိခဲ့ကြောင်း သိရသည်။

သို့သော်လည်း အဆိုပါစက်ရုံတွင် လုပ်သက် သုံးနှစ်ကျော်ကြာသည့် အလုပ်သမားများအတွက် ၎င်းတို့ တောင်းဆိုထားသည့် နစ်နာကြေးမရရှိသေး၍ အလုပ်ရှင်ဖက်က အမြန်ဆုံး ပြန်လည်ဖြေရှင်းပေးရန် တောင်းဆိုနေကြသည်။

“ပထမတော့ အလုပ်ရှင်ဖက်က နစ်နာမှုတွေ ပေးမယ် ဆိုပေမယ့် ဘယ်လိုပေးမယ် ဆိုတာ ကျနော်တို့ မသိဘူးလေ။ ဒီနေ့တော့ လုပ်သက် အလိုက် ၁ နှစ်နဲ့ ၂ နှစ်သမားတွေတော့ ကြေနပ်တာ ရှိတယ်။ ဒါပေမယ့် ၃ နှစ်ကျော် သမားတွေတော့ ညှိုနှိုင်းမှု အဆင်မပြေသေးဘူး ဖြစ်နေတယ် “ဟု အလုပ်ထုတ်ခံလိုက်ရသူ ရခိုင်ပြည် တောင်ကုတ်မြို့မှ ရခိုင်လူငယ် တစ်ဦးက Western News ကို ပြောသည်။

အလုပ်ထုတ်ခံရမှုနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံ အခြေစိုက် (M.H.A.C) မဟာမိတ်အဖွဲ့ ကိုရဲမင်းအဖွဲ့ကို အကူအညီတောင်းခံပြီး (M.H.A.C) မဟာမိတ်အဖွဲ့နှင့် NUG အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများက ထိုင်းအလုပ်သမား ဥပဒေအရ အလုပ်သမားများ၏ နစ်နာမှုများအတွက် ခံစားခွင့် ရရှိရေး လိုက်ပါ ဆောင်ရွက်ပေးနေသည်။

လက်ရှိတွင် (M.H.A.C) မဟာမိတ်အဖွဲ့က အလုပ်ရှင်နှင့် အလုပ်သမားများ အကြား သွားရောက်ဖြေရှင်းပေးမှုများ အရ လုပ်သက် ၁ နှစ်ကျော်သမားများကို နစ်နာကြေးတစ်ဦးလျှင် ဘတ် ၂၀၀၀၀နှင့် လုပ်သက် ၂ နှစ်ကျော်သမားများမှာ ဘတ် ၃၀၀၀၀ ကျော်ရရှိခဲ့ကြသည်။

သို့သော်လည်း လုပ်သက် ၃ နှစ်ကျော် အလုပ်သမားများမှာမူ ၂ နှစ်ကျော် အလုပ်သမားများ၏ နှုန်းအတိုင်း အလုပ်ရှင်ဖက်က ပေး၍ ပြေလည်မှု မရရှိသေးဟု ဆိုကာ အလုပ်သမား ၃၀၀ ကျော်က အပြီးသတ် လက်မှတ်ရေးထိုးခြင်း မရှိသေးကြောင်း သိရသည်။

အဆိုပါစက်ရုံမှ လုပ်သက် ၃နှစ်ကျော် အလုပ်သမားများမှာ နစ်နာကြေး ဘတ် ၄သောင်းအား အလုပ်ရှင်ဘက်ကို တောင်းဆိုထားပြီး ယနေ့ ညနေပိုင်းအထိ နှစ်ဦးနှစ်ဖက် ပြေလည်မှု မရရှိသေးကြောင်း ကူညီဆောင်ရွက်နေသူများက Western News ကို ပြောသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular