Western News
Homeသတင်းရခိုင်ဆင်ဖြူတော် "ရဋ္ဌနန္ဒက" အသက် ၂ နှစ်ပြည့်၊ အရပ်အမြင့် ၅ ပေခန့်ရှိလာ

ရခိုင်ဆင်ဖြူတော် “ရဋ္ဌနန္ဒက” အသက် ၂ နှစ်ပြည့်၊ အရပ်အမြင့် ၅ ပေခန့်ရှိလာ

ရခိုင်ပြည် တောင်ကုတ်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့က မွေးဖွားခဲ့သော ဆင်ဖြူတော် (အထီး) “ရဋ္ဌနန္ဒက” အသက် ၂ နှစ်ပြည့်မြောက်ပြီး အရပ်အမြင့် ၄ ပေ ၆ လက်မ ရှိလာကြောင်း သိရသည်။

တောင်ကုတ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ အသက် ၃၃ နှစ်ရှိသော ဆင်မ ဇာနန်းလှက “ရဋ္ဌနန္ဒက” ဘွဲ့အမည်ရှိ ဆင်ဖြူတော် အထီးတစ်စီးကို အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်အလေးချိန်ပေါင် ၁၈၀ ခန့်ဖြင့် မွေးဖွားပေးခဲ့သည်။

အာဏာသိမ်း စစ်ကောင်စီသည် တောင်ကုတ်မြို့က ယူဆောင်ပြီး နေပြည်တော်ရှိ ရတနာဆင်ဖြူတော် ထိန်းသိမ်းစောင့်ရှောက်ရေး ဥယျာဉ်၌ ထားရှိကာ ယခုအသက် ၂ နှစ်သားအရွယ်တွင် အရပ်အမြင့် ၄ ပေ ၆ လက်မ၊ ကိုယ်လုံး လုံးပတ် ၇ ပေ ၄ လက်မ၊ ကိုယ်အလေးချိန် ၁၃၉၅ ပေါင်ရှိလာခြင်းဖြစ်သည်။

ရခိုင်ဆင်ဖြူတော် “ရဋ္ဌနန္ဒက” မှာ မိခင် ဆင်မ ဇာနန်းလှနှင့်အတူ ရတနာဆင်ဖြူတော်ဆောင်တွင် ကျန်းမာပျော်ရွှင်လျှက်ရှိကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

“ရဋ္ဌနန္ဒက” မှာ ငယ်စဉ်ကတည်းကပင် လူနှင့်ယဉ်ပါးသည့် ဆင်ဖြူတော်လေးဖြစ်ပြီး ပိုမိုယဉ်ပါးလာစေရန်၊ ဆင်နှင့် လူသားတို့အကြား ကောင်းမွန်စွာဆက်ဆံတတ်စေရန် လေ့ကျင့်သင်ကြား ပေးနေကြောင်းလည်း သိရသည်။

ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၈ ချက်အနက် ၇ ချက်ကိုက်ညီ၍ ဆင်ဖြူတော်ဟု သတ်မှတ်ပြီး “ရဋ္ဌနန္ဒက” ဘွဲ့နာမည် ပေးထားခြင်းဖြစ်သည်။

မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်းသဏ္ဌာန်ဖြစ်ခြင်း၊ အမွေးအဖြူရောင်ဖြစ်ခြင်း၊ အမြီးတံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာသြဇာကွက်ဖြစ်ခြင်း၊ အသားအရေပန်းရောင်ဖြစ်ခြင်း၊ ခြေဖဝါးတွင်ရှေ့ခြေသည်း ၅ ခုစီနှင့် နောက်ခြေသည်း ၄ ခုစီ ပါရှိခြင်း၊ နားကြီးခြင်းစသည့် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၇ ချက်ကိုက်ညီသော ဆင်ဖြူတော်လေးဖြစ်သည်။

RELATED ARTICLES

1 COMMENT

Comments are closed.

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular