Western News
Homeဓါတ်ပုံသတင်းစစ်ရေးပြင်းထန်နေသော သံတွဲမြို့မှာ ရေကြီးနေ၊ အံတော်က နေအိမ်များ ရေနစ်မြှုပ်

စစ်ရေးပြင်းထန်နေသော သံတွဲမြို့မှာ ရေကြီးနေ၊ အံတော်က နေအိမ်များ ရေနစ်မြှုပ်

ရခိုင်ပြည် သံတွဲမြို့ အံတော်မှာ ရေကြီးနေပြီး နေအိမ်များ ရေလွှမ်းမိုးသွားပြီဟု ဒေသခံများထံမှ သိရသည်။

သံတွဲမြို့သည် စစ်ကောင်စီနှင့် AA တို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေသော မြို့ဖြစ်ပြီး လက်ရှိတွင် မိုးသည်းထန်စွာရွာသွန်းကာ ချောင်းရေမြင့်တက်လာ၍ ရေကြီးနေခြင်းဖြစ်ကြောင်း သိရသည်။

တောင်ကုတ်မြို့ဘက်ဝင်ပေါက် သံတွဲမြို့သစ်ဘက်ခြမ်းရှိ အံတော်ရွာ၊ တောင်ကုတ်ကားဂိတ်သို့ ချောင်းရေဝင်ရောက်ပြီး နေအိမ်များ ရေနစ်မြှုပ်နေကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းကစ၍ မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ချောင်းရေမြင့်တက်လာပြီး ယနေ့ ဇူလိုင်လ ၂၅ ရက်တွင် စတင်နစ်မြှုပ်နေခြင်းဖြစ်သည်။

သံတွဲက ဒေသခံပြည်သူများမှာ စစ်ရေးနှင့်အတူ ရေကြီးမှုဒဏ်ကိုပါ တပြိုင်တည်းခံစားနေရကြောင်း သိရသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular