Western News
Homeစစ်ရေးလားရှိုးက အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို MNDAA သိမ်းပိုက်

လားရှိုးက အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို MNDAA သိမ်းပိုက်

ရှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့ရှိ စစ်ကောင်စီ၏ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို ကိုးကန့်တပ် MNDAA က သိမ်းပိုက်လိုက်ပြီဟု ထုတ်ပြန်ကြေညာထားသည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အား ယနေ့ ဇူလိုင်လ ၂၅ ရက် နံနက် ၄ နာရီတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း MNDAA က တရားဝင်ထုတ်ပြန်ထားသည်။

” လားရှိုးမြို့ကို လုံးဝ လွတ်မြောက်ကြောင်း MNDAA တပ်၏ ရှေ့တန်းစစ်ဌာနချုပ်က ကြေညာသည်။ လားရှိုးမြို့ လွတ်မြောက်ရေး တော်လှန်ရေး လှုပ်ရှားမှုသည် သမိုင်းဝင်အောင်ပွဲတစ်ခု ဖြစ်သည်။ ” ဟု MNDAA က ရေးသားထုတ်ပြန်ကြေညာထားသည်။

လားရှိုးမြို့တွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ပြတ်တောက်နေ၍ ဆက်သွယ်ရ ခက်ခဲနေကြောင်းသိရပြီး ရှေ့တန်းစစ်ရေးအခြေအနေမှာ ရှုပ်ထွေးနေကြောင်း သိရသည်။

MNDAA ရှေ့တန်း သတင်းရင်းမြစ်တစ်ဦးက “လားရှိုးတခုလုံး သိမ်းလိုက်နိုင်ပြီလို့ စက်ထဲမှာ ပြောနေတယ်။ အခု ကျနော်တို့ ရပ်ကွက် ၁ ၊ ၂ ၊ ၃ ဘက်ရောက်နေတယ်။ ဒီဘက်မှာတော့ စကစ မရှိတော့ဘူး။ စကားပြောစက်ကလည်း ရတချက်မရတချက်နဲ့။ ဖုန်းလိုင်းက လုံး၀ မရဘူး” ဟု ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက လားရှိုးရှိ စစ်ကောင်စီ၏ ခလရ ၆၈၊ ခလရ ၄၁ နှင့် ခမရ ၅၀၇ တပ်ရင်းတို့ကို MNDAA က သိမ်းပိုက်ပြီး ဒုတိယဗိုလ်မှူးကြီးအဆင့် အပါအဝင် စစ်ကောင်စီတပ်သား ၃၀၀ ကျော်မှာ လက်နက်ချအလင်းဝင်လာကြောင်း သိရသည်။

ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီအချိန် စစ်ကောင်စီတပ်မှ ဒုဗိုလ်မှူးကြီး တစ်ဦးက ဗိုလ်မှူး ၂ ဦးကို ခေါ်ဆောင်၍ ဗိုလ်ကြီး ၅ ဦးနှင့် တပ်သားများအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း ၃၁၇ ဦးမှာ MNDAA တပ်သို့ လက်နက်ချအလင်းဝင်ခဲ့ကြသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular