Western News
Homeစစ်ရေးမွတ်ဆလင်များအား အတင်းအကျပ် စစ်မှုထမ်းခြင်းမှ ရပ်တန့်ရေး Fortify Rights တောင်းဆို

မွတ်ဆလင်များအား အတင်းအကျပ် စစ်မှုထမ်းခြင်းမှ ရပ်တန့်ရေး Fortify Rights တောင်းဆို

ရခိုင်ပြည်နှင့် အခြားနေရာဒေသများတွင် မြန်မာစစ်ကောင်စီ၏ တရားမဝင် အတင်းအကျပ်စစ်မှုထမ်းခေါ်ဆောင်ခြင်းလှုပ်ရှားမှုကို ရပ်တန့်ရမည်ဟု Fortify Rights အဖွဲ့က ဇူလိုင်လ ၂၆ ရက်တွင် တောင်းဆိုလိုက်သည်။

ဘင်္ဂလားဒေ့ရှ်တွင် လှုပ်ရှားသော မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များသည် မွတ်ဆလင်ဒုက္ခသည်များအား အတင်းအကျပ်ဖမ်းဆီး ခေါ်ဆောင်နေခြင်းကိုလည်း ရပ်တန့်တားဆီးသင့်သည်ဟု ဆိုသည်။

Fortify Rights ၏ စုံစမ်းစစ်ဆေးမှုအသစ်အရ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများမှ မွတ်ဆလင်က္ခသည်များကို အတင်းအကြပ်ဖမ်းဆီးကာ မြန်မာနိုင်ငံသို့ ပို့ဆောင်နေကြောင်း သိရသည်။

ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် မွတ်ဆလင်ဒုက္ခသည်များမှာ စစ်ကောင်စီထံ အတင်းအကျပ်စစ်မှုထမ်းနေရ၍ ယင်းလုပ်ရပ်များသည် ဥပဒေချိုးဖောက်မှုနှင့် လူကုန်ကူးမှု မြောက်သည်ဟု Fortify Rights က ဆိုသည်။

Fortify Rights မှ Human Rights Associate ဖြစ်သူ Ejaz Min Khant က ” မြန်မာစစ်ကောင်စီက ကျူးလွန်လျက်ရှိတဲ့ လူမျိုးတုံးသတ်ဖြတ်မှုကနေ လွတ်မြောက်လာတဲ့ ရိုဟင်ဂျာတွေဟာ အခုဆိုရင် သူတို့အပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်ထားတာတွေအတွက် အဓိက တာဝန်ရှိသူတွေရဲ့ စစ်မှုထမ်းတပ်သားအဖြစ် ပါဝင်ဖို့ အတင်းအကျပ် ခိုင်းစေခံနေရပါတယ်။ ” ဟု ပြောသည်။

မွတ်ဆလင်လက်နက်ကိုင်အဖွဲ့တစ်ခု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ယုံကြည်ရသော လက်နက်ကိုင်အမျိုးသားများက ဒုက္ခသည် စခန်းတစ်ခုမှ အတင်းအဓမ္မ ခေါ်ဆောင်သွားခဲ့သည်ဟု အသက် ၁၇ နှစ်အရွယ် မွတ်ဆလင်ဒုက္ခသည် လူငယ်တစ်ဦးက ပြောသည်။

“သူတို့က ကျွန်တော့်ကို သေနတ်နဲ့ ချိန်၊ မျက်စိကို အဝတ်နဲ့ ပိတ်စည်းပြီး လက်တွေ၊ ခြေတွေကို ကြိုးနဲ့ချည်ပြီး အဲဒီကနေ ဖမ်းခေါ်သွားကြတယ်။ ပြီးတော့ ကျွန်တော့်ကို မြန်မာနိုင်ငံကို ခေါ်လာတယ်။ ” ဟု ဆိုသည်။

ဘင်္ဂလားဒေ့ရှ် အစိုးရက မွတ်ဆလင်ဒုက္ခသည်များကို အကာအကွယ်ပေးရန် လိုအပ်သလို တကမ္ဘာလုံးကလည်း ဦးစားပေးအဆင့် သတ်မှတ်ရန် လိုအပ်ကြောင်း Fortify Rights အဖွဲ့က ဆိုသည်။

Ejaz Min Khant က “ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေဟာ ဘေးကင်းလုံခြုံမှုရှိနေရမယ့် ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာဒုက္ခသည်တွေကို အတင်းအကြပ် စစ်မှုထမ်းစေခြင်းကနေ ကာကွယ်ပေးဖို့ လိုအပ်ပါတယ်။ ” ဟု ပြောသည်။

မြန်မာစစ်ကောင်စီကလည်း စစ်မှုထမ်းသစ် အတင်းအကျပ်ခေါ်ယူသည့် ဥပဒေကို ချိုးဖောက်မှုနေ၍ ချက်ချင်းရပ်ပစ်ရန်လိုအပ်သည်။

ရခိုင်ပြည်နှင့် ဘင်္ဂလားဒေ့ရှ် စခန်းများတွင်ရှိသော မွတ်ဆလင်များ၏ အခွင့်အရေးနှင့် လုံခြုံရေးကို အကာအကွယ်ပေးရေးမှာ တစ်ကမ္ဘာလုံးဆိုင်ရာဦးစားပေး ဖြစ်သင့်ကြောင်း Fortify Rights အဖွဲ့က တောင်းဆိုထားသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular