Western News
Homeစစ်ရေးတိုက်ပွဲတစ်လကျော်အတွင်း အရပ်သား ၁၃၃ ဦးသေဆုံးခဲ့ကြောင်း TNLA ပြော

တိုက်ပွဲတစ်လကျော်အတွင်း အရပ်သား ၁၃၃ ဦးသေဆုံးခဲ့ကြောင်း TNLA ပြော

ရှမ်းမြောက် လားရှိုးတိုက်ပွဲ တစ်လကျော် ကာလအတွင်း စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၁၃၃ ဦး ထိခိုက်သေဆုံးခဲ့ရကြောင်း TNLA ယမန်နေ့ ဇူလိုင် ၃၁ တွင် ထုတ်ပြန်ထားသည်။

ဇူလိုင်လ ၂၉ ရက်နေ့ကလည်း စစ်ကောင်စီက လေကြောင်းကနေ လားရှိုးမြို့ကို တိုက်ခိုက်ခဲ့၍ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၃ ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ကြောင်းနှင့် နေအိမ် ၁၅ လုံး ပျက်စီးသွားသည်။

တစ်လကျော် ၃၆ ရက်အတွင်းမှာ အရပ်သား ၁၃၃ ဦးသေဆုံးပြီး ၁၇၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် နေအိမ်များ စသည်ည ၁၀၅ လုံး ပျက်စီးသွားပြီဟု TNLA က ပြောသည်။

လားရှိုးမြို့ထဲက စစ်ကောင်စီ၏ အရေးပါသော အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပြီး လားရှိုးမြို့ လွတ်မြောက်သွားပြီဟု ကိုးကန့်က ထုတ်ပြန်ထားသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular