Western News
Homeစစ်ရေးစစ်မှုထမ်းသစ်အတွက် UMFCCI က အလုပ်သမားများစာရင်းကို စစ်ကောင်စီကိုပေးနေ

စစ်မှုထမ်းသစ်အတွက် UMFCCI က အလုပ်သမားများစာရင်းကို စစ်ကောင်စီကိုပေးနေ

မြန်မာအလုပ်သမားအဖွဲ့ချုပ် UMFCCI က အလုပ်သမားများကို စာရင်းကောက်ခံပြီး စစ်မှုထမ်းသစ်အတွက် အာဏာသိမ်း စစ်ကောင်စီထံ လူစာရင်းပေးထားကြောင်း စုံစမ်းသိရသည်။

ရန်ကုန်တိုင်းအတွင်းက စစ်မှုဇုန်များ၊ စက်ရုံပြင်ပရှိ အလုပ်ရုံ၊ စက်ရုံများ၌ အလုပ်လုပ်နေကြသော လူငယ်အလုပ်သမားများကို စာရင်းကောက်ပြီး စစ်ကောင်စီထံသို့ UMFCCI က လျှို့ဝှက် ပေးပို့ခဲ့ကြောင်း သိရသည်။

” အလုပ်သမား မှတ်ပုံတင်မရှိတဲ့သူတွေကို မှတ်ပုံတင်ဖို့ အကြောင်းပြကာ UMFCCI က စာရင်းတွေ လိမ်ကောက်ပြီး စစ်ကောင်စီကို တိုက်ရိုက်ပို့ပေးနေတာ။ စစ်ကောင်စီက လျှို့ဝှက်ပေးဖို့ UMFCCI က ညွှန်ကြားထားတယ်။ UMFCCI ရဲ့ အထွေထွေအတွင်းရေးမှူး အထည်ချုပ်လုပ်ငန်းရှင် ဒေါ်ခိုင်ခိုင်နွယ်က ဦးစီးပြီး စာရင်းကောက်ခံနေတာဖြစ်တယ်။ အလုပ်သမား လူငယ် အမျိုးသား ထောင်ချီကို စာရင်းပေးခဲ့တယ်လို့ သိရတယ်။ ” ဟု အမည်မဖော်လိုသည့် အလုပ်သမားတစ်ဦးက ပြောသည်။

အလုပ်သမားများ စာရင်းကို UMFCCI က လိမ်ကောက်ပြီး စစ်ကောင်စီထံ ပေးပို့နေခြင်းမှာ အလုပ်သမားများအတွက် စိုးရိမ်ရသည့် ကိစ္စဖြစ်ကြောင်း အလုပ်သမားအရေး လှုပ်ရှားသူများက ပြောသည်။

လှိုင်သာယာစက်မှုဇုန်မှ အလုပ်သမားတစ်ဦးက “စစ်မှုမထမ်းမနေရ ဥပဒေကလည်းရှိတော့ ဒါက အဲဒီအတွက်များ ကောက်သလား။ နောက်ပြီး စစ်ပွဲတွေကလည်း မြို့ပြတွေအထိပါ ကူးစက်လာတော့ ဒီလို အလုပ်သမားစာရင်းကောက်တာက လျှို့ဝှက်ကောက်ခိုင်းတယ်ဆိုတော့ ပိုပြီးတောင် မသင်္ကာစရာကောင်းတယ်။ လူငယ်အလုပ်သမားတွေအတွက် စိုးရိမ်စရာလို့ပဲ ပြောချင်ပါတယ်” ဟု ပြောသည်။

လက်ရှိတွင် ရန်ကုန်တိုင်း၊ စက်မှုဇုန် ၁၂ ဇုန်မှ အသင်းအဖွဲ့များ၊ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်းတို့က ပူးပေါင်း ကောက်ခံထားသော အလုပ်သမားများစာရင်းကို စစ်ကောင်စီထံသို့ UMFCCI က တာဝန်ခံ ပေးပို့လျက်ရှိကြောင်း သိရသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular