Western News
Homeစီးပွားရေးဒေါ်လာ ၈၅၅ သန်းတန် တကောင်းနီကယ် စက်ရုံ ကိစ္စ NUG နှင့် တရုတ်ဆွေးနွေးနေဟုဆို

ဒေါ်လာ ၈၅၅ သန်းတန် တကောင်းနီကယ် စက်ရုံ ကိစ္စ NUG နှင့် တရုတ်ဆွေးနွေးနေဟုဆို

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ရှိ တရုတ်အစိုးရပိုင် China Nonferrous Metal Mining and Construction က ရင်းနှီးမြှုပ်နှံထားသော အမေရိကန်ဒေါ်လာ ၈၅၅ သန်းတန် တကောင်းနီကယ်စက်ရုံကို NUG ၏ PDF တပ်များက သိမ်းပိုက်ထားကြောင်း သိရသည်။

တရုတ်နိုင်ငံသားများနှင့် တရုတ်ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ပေးထားပြီး NUG နှင့် တရုတ်အကြား ဆွေးနွေးနေကြောင်း သိရသည်။

NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က “ကျနော်တို့ စိုးမိုးထိန်းချုပ်နယ်မြေထဲမှာ ရှိနေပြီးတော့ ကျနော်တို့က လုံခြုံရေးယူပေးထားတယ်ဆိုတာမှန်ပါတယ်။ ဒါပေမယ့် ကျန်တဲ့ကိစ္စတွေကတော့ အသေးစိတ်ပြောလို့ မရသေးဘူး။ ” ဟု ပြောသည်။

တကောင်း နီကယ်စီမံကိန်းကို တရုတ်အစိုးရပိုင် China Nonferrous Metal Mining နှင့် မြန်မာဖက်စပ်ကုမ္ပဏီ Myanmar CNMC Nickel က ၂၀၀၈ ခုနှစ်ကတည်းက စတင်လုပ်ကိုင်နေခြင်းဖြစ်သည်။

အဆိုပါ စီမံကိန်း၏ ရင်းနှီးမြှုပ်နှံမှုတန်ကြေးသည် အမေရိကန်ဒေါ်လာ သန်း ၈၅၅ သန်းရှိပြီး နှစ် ၂၀ ကြာ စာချုပ်ဖြင့် လုပ်ကိုင်နေသော နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဖြင့် ဆောင်ရွက်နေခြင်းလည်းဖြစ်သည်။

ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “ကျနော်တို့ မြို့နယ် PDF တွေနဲ့ အခြားမြို့နယ် LPDF တွေက လုံခြုံရေးယူပေးတာကလွဲရင် ကျန်တဲ့ ဆွေးနွေးမှုတွေက ထိပ်ပိုင်းက လုပ်နေတာပါ။ မြေပြင်မှာတော့ ကျနော်တို့က လုံခြုံရေးယူပေးထားတယ်။ အားလုံးကို ဘေး မရှိစေဖို့နဲ့ လေယာဉ်တွေနဲ့ ဗုံးကျဲမှုတွေ မရှိစေဖို့ အဓိက ဆောင်ရွက်နေပါတယ်” ဟု ပြောသည်။

လတ်တလော တကောင်းနီကယ်စက်ရုံသည် လည်ပတ်နိုင်ခြင်းမရှိဘဲ ရပ်ဆိုင်းထားကြောင်း၊ အသေးစိတ်အချက်အလက်များမှာ NUG နှင့် တရုတ်တို့၏ ဆွေးနွေးမှုက အဓိက ဖြစ်ကြောင်း သိရသည်။

တကောင်း နီကယ်စက်ရုံတွင် ကုန်ကြမ်းဌာန၊ သဲမီးဖိုဌာန၊ သတ္ထုရည်ကြိုဌာန၊ ဓာတ်ခွဲခန်းဌာန၊ လုံခြုံရေးဌာန၊ စားဖိုဌာန၊ စိမ်းလန်းဌာန၊ ကားကြီးဌာန စသည့် လုပ်ငန်းခွင်များ ရှိပြီး အလုပ်သမားပေါင်း ၁၂၀၀ ခန့်ရှိသော စက်ရုံကြီးတစ်ခုဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ ၂၅ ရက်နေ့တွင် ထီးချိုင့်မြို့နယ်၊ မောင်းကုန်းကျေးရွာရှိ တကောင်းနီကယ်စက်ရုံ၏ တောင်ပေါ်လုံခြုံရေးကင်းစခန်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စက်ရုံ လုံခြုံရေး ဂိတ်များလည်း တိုက်ခိုက်ကာ စက်ရုံအတွင်းသို့ ဝင်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular