Western News
Homeစစ်ရေးလားရှိုးက စစ်ဆေးရုံအစောင့်တပ် အလံဖြူထောင် လက်နက်ချ (ရုပ်သံ)

လားရှိုးက စစ်ဆေးရုံအစောင့်တပ် အလံဖြူထောင် လက်နက်ချ (ရုပ်သံ)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းရှိ ကုတင် ၁၀၀ စစ်ဆေးရုံစစ်သားများ အလံဖြူထောင် လက်နက်ချရုပ်သံဖြစ်သည်။

ဩဂုတ်လ ၁ ရက်နေ့တွင် လေယာဉ်ကွင်းကို သိမ်းပိုက်ထားသော MNDAA အပါအဝင် မြောက်ပိုင်းမဟာမိတပ်တွေက ရှေ့သို့ ချီတက်လာစဉ် လားရှိုး ကုတင် ၁၀၀ စစ်ဆေးရုံတပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ချ အလံဖြူထောင်ခဲ့ကြသည်။

MNDAA တပ်များက ၀ိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ရာ စစ်ဆေးရုံတပ်များ အကျဆုံးများစွာဖြင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ ပင်မရုံးချုပ်ဘက်သို့ ဆုတ်ခွာသွားခြင်းဖြစ်သည်။

အဆိုပါ တိုက်ပွဲအတွင်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်၏ ကိုယ်ရေးအရာရှိ သေဆုံးခဲ့သည့်အပြင် ဆေးရုံတက်ကုသမှု ခံယူနေရသည့် စစ်အရာရှိကြီးတချို့လည်း တစ်ပါတည်း သေဆုံးခဲ့ကြောင်း သိရသည်။

ဆုတ်ခွာသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယနေ့ ဩဂုတ်လ ၂ ရက်တွင် MNDAA ထံ လက်နက်ချလာပြီး အင်အား ရာနှင့်ချီရှိကြောင်း သိရသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular