Western News
Homeဓါတ်ပုံသတင်းမြောက်ဦးမြို့ထဲကို ရေစတင်ဝင်ရောက်

မြောက်ဦးမြို့ထဲကို ရေစတင်ဝင်ရောက်

(အနိမ့်ပိုင်းရပ်ကွက် ၁၀ ခုထက်မနည်း ရေနစ်မြှုပ်နေ)

ဩဂုတ်လ ၁ ရက်နေ့ ညကနေ ရေစတင်ကြီးနေသော မြောက်ဦးမြို့နယ်မှာ ယနေ့ နံနက်က မြို့ပေါ် ရပ်ကွက်များထဲ ရေစတင်ဝင်ရောက်နေပြီး အနိမ့်ပိုင်းရပ်ကွက် ၁၀ ခုထက်မနည်း ရေနစ်မြှုပ်သွားပြီဟု ဒေသခံများက ပြောသည်။

” ရေစီးလည်း အရမ်းပြင်းတယ်။ အနိမ့်ပိုင်းရပ်ကွက်တွေက အားလုံးနစ်မြှုပ်သွားပါပြီ။ အခု မြို့လယ်ကောင်ဖြစ်တဲ့ တောင်ရပ်ရပ်ကွက်ထဲကို ရေဝင်ရောက်တာ ခါးလောက်ကို ရှိနေပါပြီ။ ရေက ဒီထက် ပိုကြီးမယ်ထင်ပါတယ်။ ” ဟု ပြောသည်။

မြောက်ဦးမြို့ပေါ်တွင် ဆင်ချဆိပ်၊ ကြက်ဈေး၊ ညောင်ပင်ဈေး၊ အလယ်ဈေး၊ ကြက်လျှာကျွန်း၊ ဗန္ဒုလ၊ ဝါဈေး၊ လော်ကမူ၊ ကျောက်ရာဇ်ကေ၊ အောင်မင်္ဂလာ၊ ဝါးသဲ၊ မြို့သစ် စသည့် ရပ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သိရသည်။

မိုးတိတ်သွား၍ လေးမြို့မြစ်ရေမှာ ၆ လက်မခန့် ရေကျသွားကြောင်း မြစ်ကမ်းဘေးရှိ ဆင်အိုးချေကျေးရွာဒေသခံတစ်ဦးက ပြောသည်။

” ကျမတို့ရွာမှာ မြစ်ကမ်းနဲ့ ကပ်လျှက်နေအိမ်တွေက အိမ်ထိပ်လောက်ပဲ ပေါ်တာ။ တောင်နားကပ်လျှက်အိမ်တွေကတော့ အိမ်အလယ်လောက်ကို မြှုပ်နေတာ။ အခု မိုးတိတ်သွားတော့ ရေက ၆ လက်မခန့်လောက်ပဲ ကျပါသေးတယ်။ မိုးဆက်မရွာတော့ရင်တော့ ရေက ကျနိုင်ခြေရှိပါတယ်။ ဆက်ရွာရင်တော့ ဒီထက် ပိုကြီးသွားမယ်။ ” ဟု ပြောသည်။

မြောက်ဦးမြို့အပါအဝင် မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင် စသည့် မြို့နယ်များတွင်လည်း ရေကြီးရေလျှံဖြစ်ပေါ်နေပြီး လယ်ယာမြေများ ပျက်စီးသွားကြကြောင်း သိရသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular