Western News
Homeစစ်ရေးစဉ့်ကူးမှာ လေကြောင်းတိုက်ခိုက်ခံရ၍ အရပ်သား ၁၃ ဦးသေ၊ ၁၉ ဦး ဒဏ်ရာရ

စဉ့်ကူးမှာ လေကြောင်းတိုက်ခိုက်ခံရ၍ အရပ်သား ၁၃ ဦးသေ၊ ၁၉ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် ကံတောင်ကျေးရွာနှင့် နွယ်ရုံကျေးရွာတို့ကို ဩဂုတ်လ ၄ ရက် နေ့လယ် ၁ နာရီမှ ညနေ ၄ နာရီခန့်အထိ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ သည် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။

ထိုလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၃ ဦးသေဆုံးသွားသလို ၁၉ ဦးမှာ ပြင်းထန်ဒဏ်ရာများရရှိသွားကြောင်း မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MDY PDF က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

အာဏာသိမ်း စစ်ကောင်စီသည် ပိတ်ပင်ထားသော အတွဲလိုက်ဗုံးသီး (Cluster Bombs) များ အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း MDY PDF က ဆိုသည်။

ဩဂုတ်လ ၄ ရက် နေလယ် ၁ နာရီဝန်းကျင်တွင် ကံတောင်ကျေးရွာအား စစ်ကောင်စီက အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့၍ ကလေးငယ်တစ်ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၃ ဦး သေဆုံးကာ ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဆက်လက်ပြီး စစ်ကောင်စီသည် နေ့လယ် ၃ နာရီခွဲ ဝန်းကျင်တွင် နွယ်ရုံကျေးရွာအား လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ပြီး ကလေးငယ်တစ်ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၁၀ ဦး သေဆုံးခဲ့ကာ ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်၏ စစ်ရှုံးစစ်ကောင်စီအနေဖြင့် ပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းသည် စစ်တပ်တစ်ခုအနေဖြင့် ဂုဏ်သိက္ခာအကင်းမဲ့ဆုံး လုပ်ရပ်ဖြစ်ပြီး ကြီးမားသော စစ်ရာဇဝတ်မှုပင် ဖြစ်သည်ဟု မန္တလေးပြည်သူ့ကာကွယ်ရေးတပ်က ပြောဆိုထားသည်။

ဇူလိုင်လ ၁၇ ရက်နေ့တွင် စဉ့်ကူးမြို့နယ်က စစ်ကောင်စီတပ်စခန်းအားလုံးနှင့် စဉ့်ကူးမြို့ကို MDY PDF က သိမ်းယူနိုင်ခဲ့ကြောင်း တော်လှန်ရေးအဖွဲ့များက ကြေညာထားကြသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular