Western News
Homeစစ်ရေးလားရှိုး ရမခ အား သိမ်းနိုင်ခြင်းနှင့် ၁၀၂၇ စစ်ဆင်ရေးကို KNU အပါအဝင် တော်လှန်ရေး ၈ ဖွဲ့က ဂုဏ်ပြုလွှာပေးပို့

လားရှိုး ရမခ အား သိမ်းနိုင်ခြင်းနှင့် ၁၀၂၇ စစ်ဆင်ရေးကို KNU အပါအဝင် တော်လှန်ရေး ၈ ဖွဲ့က ဂုဏ်ပြုလွှာပေးပို့

ပျက်ပြယ်သွားခြင်းမရှိသည့် ၁၀၂၇ စစ်ရေးဆင်ရေး၏ အောင်မြင်မှုများနှင့် လားရှိုးမြို့ထဲက စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို သိမ်းပိုက်နိုင်ခဲ့သည့် ကိုးကန့်တပ် MNDAA, တအောင်းတပ် TNLA နှင့် မဟာမိတ်တပ်များအား KNU အပါအဝင် တော်လှန်ရေး ၈ ဖွဲ့က ဂုဏ်ပြုလွှာပေးပို့ထားကြသည်။

MNDAA ဦးဆောင်သော မဟာမိတ်တပ်များသည် လားရှိုးမြို့ကို ဇူလိုင်လ ၂၅ ရက်နေ့တွင် သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး ဩဂုတ်လ ၃ ရက်တွင် စစ်ကောင်စီ၏ လားရှိုး ရမခ တစ်ခုလုံးကို သိမ်းပိုက်ခဲ့သည်။

စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ် ၁၄ ခုရှိသည့်အနက် တစ်ခုဖြစ်သည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို MNDAA, TNLA, AA, နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ပထမဆုံးအကြိမ် သိမ်းပိုက်နိုင်ခဲ့ဖြစ်၍ တော်လှန်ရေး ၈ ဖွဲ့က ဂုဏ်ပြုစကား ပြောကြားကြခြင်းဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေးနှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့များအား ဂုဏ်ပြုကြသော အဖွဲ့များမှာ ကရင်တပ် KNU, ချင်းတပ် CNF, ကရင်နီတပ် KNPP, ကရင်နီပြည်တပ်မတော် (KA), ကရင်နီပြည်လူမျိုးစုံတပ်ဦး (KNPLF/KNPLA), ကရင်နီသွေးစည်းရေးအဖွဲ့ (KNSO/KNSA), ဒီးမော့ဆိုကာကွယ်ရေးတပ် (DMO-Local PDP) နှင့် ကရင်နီအမျိုးသားကာကွယ်ရေတးပ် (KNDF) တို့ ဖြစ်ကြသည်။

KNU, CNF, KNPP တို့က ၁၀၂၇ စစ်ဆင်ရေးအောင်မြင်မှုများအပေါ် ဝမ်းမြောက်စွာ ဂုဏ်ယူကြောင်းနှင့် ဆက်လက်အောင်မြင်မှုများ ရရှိစေရန် ဆန္ဒပြပြုပြီး ညီနောင်မဟာမိတ် တော်လှန်ရေးအဖွဲ့များဖြင့် ဟန်ချက်ညီတိုက်ပွဲဝင်ကာ စစ်ကောင်စီအား ပြုလဲသည်အထိ တိုက်ပွဲဝင်မည်ဟု ဆိုသည်။

ကရင်နီပြည်ထဲက တော်လှန်ရေးအဖွဲ့အသီးသီး (ကရင်နီပြည်တပ်ပေါင်းစု) အနေဖြင့် လားရှိုးမြို့အား MNDAA က နယ်မြေတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ပါစေကြောင်း ဆုတောင်းထားသည်။

ယင်းအပြင် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု စနစ်သစ်ပေါ်ထွက်လာရေးအတွက် ကျရာနေရာမှ ပြည်သူလူထုမျှော်မှန်းသော စစ်ရေး၊ နိုင်ငံရေး လုပ်ငန်းစဉ်များကို ဟန်ချက်ညီစွာ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ကရင်နီပြည်တပ်ပေါင်းစုက ထုတ်ပြန်ထားသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular