Western News
Homeစစ်ရေးMNDAA နှင့် ညီနောင်အဖွဲ့ဝင်များကို စစ်ကောင်စီက ဆန္ဒပြနေ

MNDAA နှင့် ညီနောင်အဖွဲ့ဝင်များကို စစ်ကောင်စီက ဆန္ဒပြနေ


(ဓါတ်ပုံသတင်း)

လားရှိုးမြို့နှင့် လားရှိုးက အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ခဲ့သော ကိုးကန့်တပ် MNDAA နှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့များကို အာဏာသိမ်း စစ်ကောင်စီက ရန်ကုန်မြို့တော် ခန်းမရှေ့တွင် ဆန္ဒပြနေကြောင်း သိရသည်။

ယနေ့ ဩဂုတ်လ ၆ ရက် နံနက် ၉ နာရီအချိန်က ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ဝါစိမ်းနီအလံများ၊ စစ်တပ်အလံများဖြင့် စစ်ကောင်စီက ဆန္ဒပြပွဲကို စီစဉ်ခဲ့သည်။

စစ်ကောင်စီက ပေးထားသော နေ့စားခရ လူများ၊ မဘသ အဖွဲ့ဝင်များ၊ စစ်ကောင်စီ ထောက်ခံသူများနှင့် အကြမ်းဖက်အားပေး ပြည်သူများ ပါဝင်ပြီး စစ်ကောင်စီက ဆန္ဒပြပွဲအား ပြုလုပ်ခဲ့ကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ထို့ပြင် နေပြည်တော်မြို့တော်ခန်းမရှေ့တွင်လည်း MNDAA ဆန့်ကျင် ရှုတ်ချပွဲအတွက် စစ်ကောင်စီထောက်ခံသူများက လူစုနေကြပြီး နံနက် ၁၀ နာရီအချိန်တွင် ဆန္ဒပြပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular