Western News
Homeစစ်ရေးကျောက်မဲကို TNLA သိမ်းပိုက်၊ မြို့နယ်အတွင်း စစ်ကောင်စီကင်းစင်

ကျောက်မဲကို TNLA သိမ်းပိုက်၊ မြို့နယ်အတွင်း စစ်ကောင်စီကင်းစင်

ရှမ်းမြောက် တအောင်းဒေသရှိ ကျောက်မဲမြို့ကို တအောင်းတပ် TNLA နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ဩဂုတ်လ ၅ ရက်ညက အပြီးသတ်သိမ်းပိုက်လိုက်ပြီဟု သိရသည်။

ကျောက်မဲမြို့အတွင်း စစ်ကောင်စီ၏ နောက်ဆုံးကျန်နေသော ခမရ ၅၀၁ နှင့် ခမရ ၅၀၂ တို့ကို ယမန်နေ့ ညက အပြီးသတ် ထိုးစစ်ဆင် သိမ်းပိုက်ခဲ့ပြီးနောက် ယနေ့ နံနက်တွင် အပြည့်အဝ ထိန်းချုပ်လိုက်ပြီဟု TNLA စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

“နယ်မြေရှင်းလင်းရေးတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်” ဟု ပြောသည်။

ကျောက်မဲမြို့မှ စစ်ကောင်စီများကို TNLA နှင့် ပူးပေါင်းတပ်ဖွဲ့များက ဇွန်လ ၂၅ ရက်တွင် စတင် တိုက်ခိုက်ခဲ့ပြီး နားအိုက်ခန်းစခန်း၊ စခန်းသာ၊ ငြိမ်းချမ်းရေးကုန်း၊ အမှတ် ၃၅၂ အမြောက်တပ်ကုန်း၊ အင်ကြင်းကိုင်း၊ ဂေါက်ကွင်းအထက်၊ ထွေအုပ်ရုံး၊ ရဲစခန်း တို့ကို ဇွန် ၂၆ ရက်တွင် သိမ်းပိုက်နိုင်ခဲ့သည်။

စခန်းများစွာသိမ်းပိုက်ပြီးနောက် ခမရ ၅၀၁ နှင့် ၅၀၂ တပ်ရင်းတို့ကို တစ်လခွဲနီးပါးကြာ တိုက်ခိုက်ခဲ့ရကြောင်းနှင့် ယခုအခါ ကျောက်မဲမြို့နယ်တစ်ခုလုံးသည် စစ်တပ်ကင်းစင် နယ်မြေ ဖြစ်လာကြောင်း သိရသည်။

၁၀၂၇ ဒုတိယလှိုင်း စစ်ဆင်ရေးတွင် TNLA ၏ သိမ်းပိုက်မြို့များမှာ နောင်ချို၊ မိုးကုတ်၊ လားရှိုး ပြီးလျှင် ကျောက်မဲမြို့နယ်သည် ၄ ခုမြောက်သိမ်းပိုက်ရရှိသော မြို့နယ်ဖြစ်လာသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular